အက်ရှင်မင်းသား Van Damme အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဒရမ်မာကားဖြစ်တဲ့ Légionnaire ဟာဆိုရင် ၁၉၂၀ ပြည့်နှစ်လောက်က မြောက်အာဖရိကမှာရှိတဲ့ ပြင်သစ်နိုင်ငံခြားတပ်ရင်းရဲ့ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကို အဓိကထားထားတဲ့ သမိုင်းနောက်ခံစစ်ကားဖြစ်ပါတယ်။နေရာအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် Légion လို့ခေါ်တဲ့နိုင်ငံခြားတပ်ရင်းထဲရောက်လာကြသူတွေအနေနဲ့ နောက်ခံဇာတ်လမ်းတွေမတူညီကြပါဘူး။ သို့ပေမယ့် ဒီနေရာကိုရောက်လာချိန်မှာတော့ ညီအစ်ကိုတွေလို့ခံယူပြီး သစ္စာစောင့်သိသူတွေဖြစ်လာကြပါတယ်ဒီဇာတ်ကားဟာဆိုရင် အက်ရှင်ကားဆိုပေမယ့် ဂုဏ်သိက္ခာ၊ သစ္စာဖောက်မှု၊ ရှင်သန်ရေးနဲ့ မိတ်ဆွေတွေကြားက သံယောဇဉ်တွေကို မီးမောင်းထိုးပြထားပါတယ်။ Van Damme ရဲ့ပုံမှန်အက်ရှင်ကားတွေနဲ့မတူညီဘဲ ကွဲထွက်နေတဲ့ဇာတ်ကားတစ်ကားဆိုရင်လည်းမမှားပါဘူး။ဒီတော့ ပြင်သစ်နိုင်ငံခြားတပ်ရင်းတပ်သား(Légionnaire) တွေရဲ့ဘဝတွေက ဘယ်လိုမျိုးရှိတာလဲ။မော်ရိုကိုမှာရှိတဲ့ Rif လူမျိုးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားကြမှာလဲ….ဒါတွေအပြင် လူတွေကြားထဲကသံယောဇဉ် အစရှိတာတွေကို သေချာလေးခံစားချင်ရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။