Simon Birch HD

Simon Birch

Comedy Drama Family HD 1998-09-11 6.8 114 Min

1998ခုနှစ်မှာထွက်ရှိခဲ့တဲ့ “ Simon Birch “ ရုပ်ရှင်ဟာဆိုရင်ဖြင့် ဂန္တဝင်စာရေးဆရာကြီး “ John Irving “ ရေးသားထုတ်ဝေခဲ့သော စာအုပ် တစ်အုပ်ဖြစ်တဲ့ 1989ခုနှစ်ထုတ် “ A Prayer For Owen Meany“ ဆိုတဲ့ဝတ္ထုစာအုပ်ကို ပြန်လည်အသက်သွင်းထားခဲ့တဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျိုး နဲ့ ဆိုင်မွန်ဘာ့ချ်တို့ဟာ လူတောမတိုးသော်ငြား စွယ်တော်ရွက်ကလေးလိုအမြဲတူယှဉ်မခွဲမခွာဖြင့် အရမ်းကိုချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။ဆိုင်မွန်ကတော့ မွေးရာပါလူကောင်ပိစိလေးအဖြစ်မွေးလာခဲ့လို့ ကျန်းမာရေးလည်းချူချာရှာသလို မြို့ထဲကလူတွေကလည်းသူ့ရဲ့အရွယ်အစားကြောင့် သူ့ကိုလူထူးလူဆန်းလို့ပဲ မြင်နေကြတာကို အသက်ငယ်ငယ်လေးနဲ့ခါးစည်းခံနေရသူတစ်ယောက်ပါ။ဂျိုးဟာလည်း မြို့ထဲကလူတွေဆီကနေ အဖေမပေါ်ဘဲမွေးတဲ့ကောင်ဆိုပြီးနောက်ပြောင်ခံနေရသူတစ်ယောက်ပါ။ ဒါကြောင့် မထုံတတ်သေး လူတောမတိုးတဲ့သူငယ်ချင်းနှစ်ယောက် ဘယ်လိုတောင်အတွဲညီညီနဲ့ရောသမမွှေကြမလဲဆိုတာကို ကြည်နူးစွာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ဒါရိုက်တာ Mark Steven Johnson ရဲ့ပွဲဦးထွက်လက်ရာလည်းဖြစ်သလို ဆိုင်မွန်အဖြစ် former child actor တစ်ယောက်လည်းဖြစ်တဲ့ Ian Michael Smith အပြင်Bohemian Rhapsody / The Social Network /Jurassic Park စတဲ့နာမည်ကြီးရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့ Joseph Mazzello ဟာလည်း ဂျိုးရဲ့ငယ်ဘဝမှာပါဝင်အားဖြည့်ပေးထားပြီး ဂန္တဝင်မင်းသားကြီး JimCarrey ကလည်း ဂျိုးရဲ့လူကြီးဗာရှင်းအဖြစ်နောက်ကြောင်းပြန်ပေးရုံသာမက တစ်စိတ်တစ်ပိုင်းလည်းပါဝင်ပေးထားလို့ cast မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။