ရထားတစ်စင်းပေါ်မှာကောင်မလေးတစ်ယောက်ဟာ တွဲကူးနေရာကနေမတ်တပ်ရပ်ရင်း ရွာနေတဲ့မိုးစက်လေးတွေကိုကြည့်ရင်း စကားတွေပြောနေခဲ့တယ် ဒီမြင်ကွင်းကိုသဘောကျလို့ လက်ပိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ် သူကတော့ ခပ်ဆိုးဆိုး ခပ်ပေပေ ဘဝကိုဦးတည်ချက်မရှိဖြတ်သန်းနေတဲ့လူငယ်တစ်ယောက် ဆိုးသွမ်းလွန်းတော့ သူ့အဖေက သူငယ်ချင်းသိုင်းဆရာတစ်ယောက်ဆီကိုလွှတ်ရင်း စာလေးတစ်ရေးပြီးအကူအညီတောင်းခဲ့တယ် သူ့သားဘဝကိုတည့်မတ်ပေးပါပေါ့ သိုင်းသင်တန်းကျောင်းမှာအောက်ခြေသိမ်းလုပ်ရင်း မိုးစက်တွေကိုချစ်တတ်တဲ့ကောင်မလေးကိုထပ်တွေ့ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် သိုင်းဆရာကြီးမှာ သားတစ်ယောက်ရှိတယ် ဗီဇဆိုးတွေကိန်းအောင်နေတဲ့သိုင်းဆရာကြီးရဲ့သားဟာ အဲ့ဒီကောင်မလေးကို ချစ်ခဲ့တယ် ငွေ အာဏာ အရည်အချင်းတွေမယှဉ်နိုင်လွန်းပေမဲ့ ကောင်မလေးက ရထားတွဲပေါ်က အညတရ ကောင်လေးကိုပဲပြန်ချစ်ခဲ့တယ် သိုင်းဆရာကြီးခိုင်းတဲ့ အောက်ခြေသိမ်းအလုပ်တွေဟာ တကယ်တော့ သိုင်းကျင့်စဉ်တစ်မျိုးဖြစ်တာကိုကောင်လေးသိသွားခဲ့ရတယ်