စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦးဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း ပိုင်ဆိုင်ထားသူပါ။တစ်နေ့မှာတော့ သူရဲ့စစ်မြေပြင်ကိုမဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကိုချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှသူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကိုတယုတယသိမ်းဆည်းထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်းအနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို တွေ့ဆုံဖို့ ကြိုးစားပါတော့တယ်…သူတို့နှစ်ဦးကြားက အဓိက ကွာခြားချက်ကဘာသာတရားဖြစ်ပြီးဘာသာတရားကြီးစိုးတဲ့ခေတ်မှာသူတို့ရဲ့အချစ်ရေးဘယ်လိုရှေ့ဆက်မယ်ဆိုတာ…။အိန္ဒိယသမိုင်းကိုအခြေပြုရိုက်ကူးထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်း ၁၄ ခုရရှိသည်အထိ အောင်မြင်ထားပါတယ်။ မိန်းမသားတို့ရဲ့ခံစားချက်/ အချစ်ရဲ့ခံယူချက်တွေကို ပေါ်လွင်အောင် ဖော်ပြနိုင်ခဲ့သလို ဇာတ်ဝင်ခန်း စကားပြောတွေက ထိရှစေတဲ့အပြင် အကအလှရသစုံလင်လှတာမို့ လက်လွတ်မခံသင့်တဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။