Padmaavat FHD

Padmaavat

Drama History Romance FHD 2018-01-25 6.947 163 Min

ဇာတ်လမ်းကို Ranveer Singh နဲ့စထားပါတယ်။Ranveer ဟာသူ့ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့လာရောက်တွေ့ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကိုတောင်းပါတယ်။Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက်သူတို့၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။မင်္ဂလာဆောင်တဲ့ နေ့မှာတောင် ရန်ဘီးကတခြားမိန်းမတွေနဲ့ပျော်ပါးနေလို့မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကိုသတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကိုဝင်ရောက်လာခဲ့ပါတယ်။အဲ့နေ့ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကိုခါးဆီးခံရတော့တာပါပဲအဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်ဟာတောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ပစ်ရာမှာရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက်ဆုံကြပါတယ်။သူ့ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေးရာကနေ သူတို့၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့လက်ထပ်တာကိုကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးကသိရပါတယ်။ဒီလိုနဲ့Depika ရဲ့ အလှ နဲ့လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့တန်းတုချစ်ခင်လေးစားလာကြပါတယ်။(ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန်မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီးချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ကိုတလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့တူညီတာ တွေ့ရပါတယ်။)အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့အကြောင်းခံဖြစ်လာမဲ့ ဂုရုကြီးလို့ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက်ရှာဟိဒ်နဲ့ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီးပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။တဖက်မှာလည်း ရန်ဘီးကတိုင်းတွေပြည်နယ်တွေကိုစစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီးလာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်ပါတယ်။Rajput ကနေနှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကိုရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်းသွေးထိုးပါတော့တယ်။အဲ့မှာ ရန်ဘီး heat တက်ပြီး Rajputကို စစ်ချီပါတယ်။၆ လတိတိ ဝိုင်းထားတယ်။စစ်လည်းမတိုက်ရ၊ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော်ဒုက္ခခံနေရတဲ့အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန်စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။အဲ့မှာ ဘုရင်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကိုဂျင်းထည့်တဲ့အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ဆိုတာမသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ရန်ဘီးကမိန့်ခွန်းပြောပါတယ်။ငါတို့ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခုရှိတယ်။ငါတို့ရဲ့ ဘာသာရေးအမှတ်အသားပါတဲ့အလံကို တလောကလုံးမှာ စိုက်ထူနိုင်ဖို့ပဲ။အဲ့အတွက်ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်ငါတို့တစ်ယောက်ကိုတစ်ယောက်လက်မလွှတ်ရဘူးလို့ကျိန်ဆိုထားကြတယ်။ဒါပေမဲ့ ဒီကနေ့တော့မင်းတို့က ငါ့ကိုထားပြီးထွက်သွားကြတော့မယ်။ကောင်းပြီ ငါတို့ရဲ့ အိပ်မက်ကို မေ့လိုက်ကြတာပေါ့ဆိုပြီးအလံကို မြေကြီးပေါ် ပစ်အချ စစ်သည်တွေက ရန်ဘီးရဲ့ အမျိုး၊ဘာသာ မျိုးချစ်စိတ်စတဲ့ ဂျင်းကို တကယ်ထင်ပြီး ဝေးဝါးအော်ပြီး မပြန်ကြတော့ဘူး။နောက်ဆုံး ဟိုလီပွဲတော်နေ့ရောက်တဲ့အချိန်ချစ်ကြည်ရေးလုပ်ကြရအောင်ဆိုပြီး ရန်ဘီးက အကြံနဲ့ကမ်းလှမ်းပြီးရှာဟိဒ်ကပူးရ်ရဲ့ နန်းတော်ကို ဧည့်သည်အဖြစ်သွားတယ်။အဲ့မှာ ဒီပီကားကို ပြပါလို့ပြောတော့ ရှာဟိဒ်က ဒေါသထွက်၊နောက်ဆုံးစစ်ပွဲက ရှောင်လွှဲဖို့ဒီပီကားကို ၅ စက္ကန့်မှန်ထဲကနေအပြ နေထိုးတဲ့ လိုက်ကာကိုပါ ဖွင့်လိုက်တော့ ဒီပီကားမျက်နှာကိုသေချာတောင် မမြင်လိုက်ရဘူး။အဲ့လောက် အဖြစ်သည်းလားဆိုပြီး ရှာဟိဒ်ကို ဖျားယောင်းပြီး ရန်ဘီးဖမ်းခေါ်သွားတယ်။ရှာဟိဒ်ကိုပြန်လိုချင်ရင် ဒီပီကား ဒေလီကိုလာရမယ်ဆိုပြီးတောင်းဆိုတော့ ရှာဟိဒ်ကိုကယ်ဖို့ဒီပီၤကားဒေလီသွားတယ်။ဒီပီကား ဒေလီမရောက်ခင် ရန်ဘီးပျော်ပြီး သီချင်းတပုဒ်နဲ့အရူးလိုပဲ ကတယ်။အဲ့မှာသူ့ရဲ့တူက သူ့ကို ပြန်လုပ်ကြံပေမဲ့ မအောင်မြင်ဘူး။ဒီပီကား ဒေလီရောက်တော့ ရန်ဘီးရဲ့ အနှိပ်စက်ခံဇနီး Adiyaအကူအညီနဲ့ရှာဟိဒ်ကိုဒီပီကား ကယ်ထုတ်လာနိုင်တယ်။ရန်ဘီးသိတော့ သူ့မိန်းမကို သတ်မိန့်ပေးတယ်အဲ့မှာနောက်ဆုံးအနေနဲ့Adiya က ရန်ဘီးကို ဆုတခုပေးတယ်။နင့်ရဲ့ ဆန္ဒတွေ၊ဖြစ်ချင်တာတွေ အားလုံးပြည့်ဝပါစေ။ဒါပေမဲ့Padmavati ကို ရယူသိမ်းပိုက်ဖို့ဆန္ဒတော့ ဘယ်တော့မှမပြည့်ပါစေနဲ့လို့ပြောပြီး သွားလိုက်တယ်။ရန်ဘီးဒေါသပုန်ထပြီး Rajput ကို စစ်ခင်းဖို့ထပ်အသွားးးဘာတွေဆက်ဖြစ်လဲ၊ဒီပီကားးကို နောက်ဆုံး ရန်ဘီးမြင်ခွင့်တွေ့ခွင့်သိမ်းပိုက်ခွင့်ရမလားးဆိုတာကတော့ဇာတ်လမ်း၊သရုပ်ဆောင်၊ဆက်တင်အပြင်အဆင် ဘာတစ်ခုမှပြောစရာမလိုလှအောင် လှပ၊သေသပ်၊အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားးဖြစ်တာမို့ပြသနာပေါင်းများစွာတက်ပြီး ရုပ်ရှင်ကြည့်တဲ့သူတွေနဲ့ရုပ်ရှင်ရုံတွေကို တိုက်ခိုက်မယ်လို့ခြိမ်းခြောက်ခံထားရတာတောင် ဖွင့်ရက် ရုံတင်တာ ကုဋေ ၂၀ နီးပါးရပါတယ်။ဒါတောင်ပြည်နယ်ကြီး ၆ ခုမှာ ရုံတင်ခွင့်မရပါဘူး။ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး BBC ကနေတောင် ရီဗြူးသတင်းလွှင့်ပေးခံရပြီး အိန္ဒိယမှာတင်မက တကမ္ဘာလုံးမှာပါ လှုတ်ခတ်ခဲ့ပါတယ်။