2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား မိသားစုဒရာမာလေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။မိုကိုဆိုတဲ့ ကောင်လေးဟာ ဗိသုကာမေဂျာနဲ့မာစတာဆက်တက်ဖို့ပြင်ဆင်နေတဲ့ ပူပူနွေးနွေးဘွဲ့ရစာတော်ကျောင်းသားတစ်ယောက်ပါ။သူ့မှာ သူနဲ့အသက်ကွာတဲ့အစ်မကနေမွေးတဲ့ တူ၊ တူမ ငါးယောက်ရှိပြီးသူ့အစ်မကလည်း နောက်တစ်ဗိုက်ထပ်လွယ်ထားရပါသေးတယ်။သူတို့မိသားစုလေးဟာ အဲဒီလိုပျော်ပျော်နေလာရင်းနဲ့ ရုတ်တရက်ယောက်ဖဖြစ်သူ ဆုံးသွားခဲ့ပြီး အစ်မဖြစ်သူကလည်း ကလေးမွေးပြီးပြီးချင်းတဖန်ထပ်ဆုံးသွားတဲ့အခါမှာတော့ မိုကိုတစ်ယောက် အိပ်မက်တွေအားလုံးကိုလက်လျှော့ကာ မိဘမဲ့ဖြစ်သွားတဲ့ တူ၊ တူမတွေရဲ့ဝန်တွေကိုထမ်းပေးရင်းအရွယ်မတိုင်ခင် ဖခင်တစ်ယောက်သဖွယ် ရုန်းကန်ရပုံတွေကို ဒီရုပ်ရှင်လေးထဲမှာရင်မောကြည်နူးဖွယ်ရာတွေ့မြင်ရမှာဖြစ်ပါတယ်…။