ပြည်သူ(၃၀၀၀)နေထိုင်တဲ့ ချီဆိုတဲ့မြို့လေးဟာ ရန်သူတွေပတ်လည်ဝိုင်းနေပါတယ်။မြို့စောင့်တပ်တွေဟာ ရန်သူကိုအစွမ်းကုန်အံတုနေပေမယ့်ရက်ကြာလာတဲ့အမျှခြေကုန်လက်ပန်းကျလာကြပါတယ်။မြို့ဟာကျလုစဲစဲအချိန်မှာ ဒီမြို့လေးရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ကမြို့ပြင်၁၀မိုင်အကွာမှာရှိတဲ့ တောင်ထိပ်ပေါ်က အချက်ပြမီးစင်ကိုမီးရှို့ပြီးတပ်ကူတွေကိုစစ်ကူတောင်းရမှာပဲဖြစ်ပါတယ်။နေမွန်းမတည့်ခင်မှာ ရန်သူတွေအပြည့်ဝိုင်းနေတဲ့မြို့ပြင်ကိုထွက်ပြီးတော့ဒီမီးကိုငြှိဖို့ကိစ္စကအရမ်းအရေးပေါ်ဖြစ်နေတာကြောင့် မြို့စောင့်တပ်သွားတွေကသေဒဏ်ကျအကျဉ်းသားတွေကိုခေါ်ထုတ်လာပြီးတော့ မိသားစုနဲ့အကြပ်ကိုင်ပြီးဒီအချက်ပြမီးကိုရှို့ဖို့ အကျဉ်းသားတွေကိုတာဝန်ပေးလိုက်ပါတယ်။အမိန့်ကိုဖီဆန်ရင်လဲ သတ်ခံရမယ် …… မြို့ပြင်ကိုထွက်လဲ ရန်သူလက်မှာသေသွားနိုင်တယ်……တကယ်လို့ကိုယ်လွတ်ရုန်းပြီးထွက်ပြေးပြန်ရင်လဲ မိသားစုတွေကကိုယ်စားအသတ်ခံရမယ်………ဘယ်လမ်းကိုရွေးရွေးသေခြင်းနဲ့နီးစပ်နေတဲ့ အကျဉ်းသားတွေဟာမြို့ထဲကနေရန်သူတွေကြားထိုးဖောက်ထွက်ပြီးတော့အချက်ပြမီးစင်ကိုဘယ်လိုစွန့်စားသွားကြမလဲ