Montauk HD

Montauk

Drama Adventure Mystery HD 2025-07-02 6.5 100 Min

ဒါကတော့ မြို့လေးတစ်မြို့က အတူတူကြီးလာတဲ့သူငယ်ချင်းအုပ်စုလိုက်ဟာ သူတို့ဉာဏ်မမှီတဲ့ကိစ္စအကြီးကြီးတွေကို ဖြေရှင်းဖို့လုပ်ရင်း ပျားအုံကိုမှတုတ်နဲ့သွားထိုးမိသလိုဖြစ်တဲ့ လူငယ်ကားလေးပါပဲ။ ဒီထဲမှာ ပထ်ထ်ဆိုတဲ့ကောင်မလေးနဲ့ သူ့အပေါင်းအပါတို့တစ်သိုက်က သူငယ်ချင်းဖြစ်သူရဲ့ ဘဏ်ကသိမ်းခံရတော့မဲ့ ဘားကိုကယ်ဆယ်နိုင်ဖို့အတွက် ကျန်ရာမရတော့တဲ့အဆုံးလွန်ခဲ့တဲ့နှစ်‌ရာကျော်ကကြိုးပေးသတ်ခံလိုက်ရတဲ့ ပင်လယ်ဓားပြကြီးရဲ့ ပျောက်ဆုံးနေတဲ့ ကျွန်းပေါ်ကရတနာသိုက်ကိုရှာပုံတော်ဖွင့်ကြမှာပါ ကြားရရင် နည်းနည်းရူးချင်စရာပေမဲ့ လူတိုင်းငယ်ဘ၀မှာ ဘာလုပ်လုပ်မှန်တဲ့အယူလက်စွဲပြီး စွန့်စားခန်းတစ်ခုကိုတော့ အမြဲထွက်ခဲ့ကြမှာပဲ ။ ဒီအုပ်စု‌ကလဲ ကျွန်းပေါ်ရောက်သွားတဲ့အခါနက်နဲတဲ့သမိုင်းကြောင်းရှိနေတဲ့ ထိုနေရာကြီးမှာ ဘယ်လိုတွေကြုံတွေ့လာရမလဲ ။ ဘယ်လိုလျှို့ဝှက်ချက်တွေက‌ရော အဲ့နေရာမှာကိန်းအောင်းနေမလဲ ။ ဒီတစ်သက်ဖြုန်းမကုန်မဲ့ ရတနာဆိုတာကရောပုံပြင်ပဲလား တကယ်ရှိတာလားဆိုတာတွေကို ကြည့်ရှု့သွားရမှာပါနော် ။