Mr. Klein HD

Mr. Klein

Drama History Thriller Mystery HD 1976-09-23 7.2 123 Min

ဒီဇာတ်ကားလေးကတော့ ထွက်တာအတော်လေးကြာပြီ‌ဖြစ်ခဲ့ပေမဲ့ ခုလက်ရှိထိကြည့်လို့ကောင်းနေတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းပြင်သစ်နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကိုလည်းအကဲခတ်ကြည့်ရှုခံစားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဇန်နဝါရီ ၁၉၄၂ မှစပြီး ပြင်သစ်ကို ဂျာမန်တွေသိမ်းပိုက်ပြီးချိန်မှာပဲဂျုးလူမျိုးတွေကိုသုတ်သင်ရှင်းလင်းတော့တာပဲ။ အဲ့ဒီမှာ ပြင်သစ်မှာနေထိုင်နေတဲ့ MC ဖြစ်သူ Robert Klein ဆိုတဲ့ ပန်းချီရောင်းသူဟာ နိုင်ငံကနေအလောတကြီးထွက်ပြေးမဲ့ ပြင်သစ်ဂျုးလူမျိုးတွေဆီကနေအနုပညာလက်ရာပစ္စည်းတွေကိုအရောင်းအဝယ်လုပ်ပြီး စီးပွားရေးဖြစ်ထွန်းနေတယ်။ဒါပေမဲ့ တစ်နေ့မှာ ရဲတွေလိုက်လံဖမ်းဆီးနေတဲ့ဂျုးလူမျိုးဖြစ်သူဟာလည်း Robert Klein ဆိုတဲ့ နာမည်နဲ့ တိမ်းရှောင်နေတယ်။ဒီချိန်မှာပဲ သူဟာ MC(Klein )ရဲ့ အိမ်ကိုဂျုးသတင်းစာတစ်ခုမှာလိပ်စာနဲ့အတိအကျပို့လိုက်တော့တယ်။ Klein ကလည်း ဒါကိုသံသယဝင်ပြီး ရဲစခန်းကိုချက်ချင်းတိုင်လိုက်ပေမဲ့ သူနဲ့နာမည်တူတွေကများနေတာနဲ့ပဲ ရဲတွေကသူ့ကိုစစ်ဆေးရေးလုပ်တော့တယ်။ဒါကိုသူကသံသယမရှိအောင်ဘယ်လို သက်သေပြမယ်ဆိုတာနဲ့ သူ့ကိုနောက်ကွယ်ကနေအပြစ်လွှဲပုံချသွားတဲ့သူကို လိုက်ရှာရင်း ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားရမလဲဆိုတဲ့အကြောင်းကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုလိုက်ကြရအောင်။