Funny Face FHD

Funny Face

Comedy Music Romance FHD 1957-02-13 7 103 Min

ဟောင်းပေမယ့် ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကားလို့ ဆိုလို့ရတဲ့ “Funny Face”ဟာ(၁၉၅၇)မှာ ထွက်ရှိခဲ့ပေမယ့်လည်း အခုချိန်ထိ ခံစားကြည့်ရှုလို့ကောင်းနေဆဲ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကိုတော့ ငြင်းမရပါဘူး။ Americal musical / romantic / comedy ဇာတ်ကားဖြစ်တဲ့အလျောက်တေးသီချင်းတွေကနေ ခံစားချက်တွေကို သီကြူးတာတွေကိုအပြည့်အဝခံစားနိုင်မယ့်အပြင်သူ့ခေတ်သူ့အခါက ဖက်ရှင်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို တစ်နည်းတဖုံနဲ့ထောက်ပြသရော်ထားတာမျိုးကိုလည်း တစိတ်တဒေသအနေနဲ့ကြည့်ရှုခံစားလို့ရမှာ ဖြစ်ပါတယ်။ ချစ်စိတ်ကူးယဥ်ဆန်လို့ ကောင်းလှပါတယ်ဆိုတဲ့ပဲရစ်နောက်ခံနဲ့ မင်းသမီးချော Audrey Hepburn ကိုအတူတကွ ခံစားလို့ရတာကတော့ထပ်ဆောင်းလက်ဆောင်ပေါ့။ဖက်ရှင်မဂ္ဂဇင်းတွေ ခေတ်စားလှတဲ့ ခေတ်အချိန်အခါထဲမှာ အမျိုးသမီးတွေအတွက်အကောင်းဆုံးသော အဖော်မွန်ဖြစ်တဲ့ကွာလတီမဂ္ဂဇင်းဟာ သူတို့မဂ္ဂဇင်းကိုကိုယ်စားပြုသူဖြစ်လာမယ့် မော်ဒယ်တစ်ယောက်၊ ဒါ့ထက် ကွာလတီအမျိုးသမီးတစ်ယောက်ကိုရှာပါတော့တယ်။ ဖြစ်ချင်တော့ မဂ္ဂဇင်းတိုက်ရဲ့ ပင်တိုင်ဓါတ်ပုံဆရာဖြစ်သူ ဒစ်အေဗရီကစာအုပ်ဆိုင်လေးမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ဒီအတွက် အလားအလာရှိတယ်လို့မြင်မိသွားပါတယ်။ ဖက်ရှင်ဆိုတာဟာ မလိုအပ်တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာကိစ္စတစ်ခုလို့မြင်နေခဲ့တဲ့ ဂျိုက ပဲရစ်ကိုသွားဖို့ အိမ်မက်ရှိနေခဲ့တဲ့ စာအုပ်ဆိုင်ကကောင်မလေးပဲဖြစ်ပါတယ်။ ကွာလတီရဲ့ဖက်ရှင်ရှိုးကလည်း ပဲရစ်မှာ လုပ်မှာဖြစ်တာကြောင့်ဒစ်တစ်ယောက် ဂျိုလက်ခံသွားအောင်လို့ မဲဆွယ်နိုင်ခဲ့တဲ့အပြင် သူ့အပေါ်မှာပါခံစားချက်တွေရှိလာအောင် လုပ်နိုင်ခဲ့လေရဲ့။ အချစ်စစ်တို့လမ်းဟာ မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်းသူတို့နှစ်ဦးကြား အတားအဆီးလေးတွေကတော့ဝင်လာဦးမှာပါပဲ။ ဒါ့အပြင်ကြောင်သူတော်အရေခြုံထားတဲ့ မာယာများတဲ့သူတွေကကော ပါလာဦးမလားဆိုတာကိုတော့CM ကတင်ဆက်ပေးလိုက်တဲ့ (၁၉၅၇)ခုနှစ်ထွက် “Funny Face”ဆိုတဲ့ဇာတ်ကားလေးမှာကြည့်ရှုခံစားလို့ ရပြီပဲဖြစ်ပါတယ်။