ပထမကားမှာ စမ်းသပ်ခန်းတစ်ခုလုံးကို အမဲဖျက်ပြီးသောင်းကျန်းသွားတဲ့မက်ဂန်ရဲ့ ဖြစ်စဉ်ကြောင့် အေအိုင်ထိန်းချုပ်ရေး ဥပဒေကို တိုက်တွန်းဖို့ အဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။မက်ဂန်ကို ဖန်တီးခဲ့တဲ့သိပ္ပံပညာရှင် ဂျမ်မာကလည်း အဲဒီအဖွဲ့တွေမှာ ပါဝင်နေပါပြီ။ ဒါပေမဲ့ အစိုးရ ကာကွယ်ရေးဌာနကတော့ ထုံးစံအတိုင်း နည်းပညာအသစ်တွေ့ရင် လက်နက်ထုတ်ဖို့ပဲ စဉ်းစားလိုက်ပါတယ်။မက်ဂန်လိုစက်ရုပ်တစ်ရုပ်ကို ဝယ်ယူပြီး ကွန်မန်ဒိုအနေနဲ့ စစ်ဆင်ရေးတွေမှာ သုံးဖို့ကြိုးစားလာပါတယ်။ဒါပေမဲ့ ထုံးစံအတိုင်း အမီလီရာ ဆိုတဲ့ စက်ရုပ်က ထိန်းချုပ်မှုလွတ်သွားပြီး သူ့ကိုဖန်တီးခဲ့တဲ့လူအားလုံးကိုပြန်လိုက်ရှင်းပါတော့တယ်။အဲဒီအချိန်မှာပဲ မက်ဂန်ဟာ ဒစ်ဂျစ်တယ်ပုံစံအနေနဲ့ အသက်ရှင်နေသေးတာကို သိလိုက်ရပြီး ဂျမ်မာနဲ့ကေဒီကို ကာကွယ်ပေးဖို့ သူ့ကိုအသက်ပြန်သွင်းလာပါလို့တောင်းဆိုလာပါတော့တယ်။အမီလီရာ နဲ့ မက်ဂန် တို့ အားပြိုင်ကြမလား၊ အေအိုင်နှစ်ရုပ်ပေါင်းပြီးမွှေကြမလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။