ယခုတစ်ခါမှာတော့ 12th Fail (၁၂တန်းကျ ဇာတ်ကား) လို့ လူသိများကြတဲ့ ဇာတ်လမ်းကမည်သို့မည်ပုံ ဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ မှတ်တမ်း ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။12th Fail ဆိုတဲ့ဇာတ်ကားလေးကတော့ ၁၂တန်းကျပေမဲ့ ရဲအရာရှိဝင်ခွင့်စာမေးပွဲကို အကြိမ်ကြိမ်ဖြေဆိုရင်းနဲ့နောက်ဆုံးမှာ ရဲအရာရှိဖြစ်သွားခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကြိုးစားရုန်းကန်ပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲက မင်းသားရုန်းကန်ရသလိုပါပဲဒီဇာတ်ကားလေးဖြစ်မြောက်လာဖို့အတွက်လည်း တော်တော်လေးကို ရုန်းကန်ခဲ့ကြရပါတယ်။ပါဝင်မဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ကားရိုက်ဖို့အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ , တည်နေရာရိုက်ကွင်းရိုက်ကွက်အသေးစိတ်ကအစ ဘယ်လိုမျိုးတွေ ပြင်ဆင်ခဲ့ပြီး ပရိသတ်ရဲ့ ရင်ထဲကို ထိမှန်စေတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို 12th Failဇာတ်ကားရဲ့ ရုပ်ရှင်အဖွဲ့သားတွေ ဘယ်လိုမျိုးကြိုးစားဖန်တီးထားလဲဆိုတာကို ကြည့်ရှုရမဲ့ မှတ်တမ်းဒရာမာ ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။