Happy Life FHD

Happy Life

Family Music FHD 2007-09-12 6.8 112 Min

ဂီယောင်း (Jin Young Jung) ကတော့ မကြာသေးမီကမှ အလုပ်ဖြုတ်ခံလိုက်ရပြီး ရှယ်ယာတွေလုပ်ရင်းကနေအကြွေးပုံကာ မိန်းမရဲ့ဝင်ငွေနဲ့ပဲ ရပ်တည်နေရတဲ့သူဖြစ်တယ်ဟျော့ဆူ (Kim Sang Ho) ကတော့ မိသားစုတွေကို ကနေဒါကို ပို့ပေးထားပြီး ကိုရီးယားနိုင်ငံမှာ တစ်ယောက်တည်းကျန်ရစ်ကာ ကားအဟောင်းရောင်းတဲ့လုပ်ငန်းလုပ်ရင်း မိသားစုကိုထောက်ပံ့နေရသူဖြစ်တယ်ဆောင်းအု (Kim Yoon Seok) ကတော့ နေ့ခင်းမှာဆို ပါဆယ်ပို့တဲ့အလုပ်လုပ်ပြီး ညဆိုရင် အငှားယာဉ်မောင်းလုပ်ရင်း အချိန်တွေကို မိသားစုအတွက်သာအပြည့်အဝရင်းနှီးမြှုပ်နှံထားသူဖြစ်တယ်သူတို့သုံးယောက်ကတော့ တက္ကသိုလ်တေးဂီတအဖွဲ့ကို အတူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး တစ်ရက်မှာတော့ တေးဂီတထဲကအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ တခြားသူငယ်ချင်းတစ်ယောက် မထင်မှတ်ဘဲ သေဆုံးသွားရာကနေ သူတို့သူငယ်ချင်းရဲ့ သားဖြစ်သူ ဟျွန်းဂျွန်း (Jang Keun Suk) နဲ့ ကြုံဆုံဖို့ဖြစ်လာခဲ့တယ်ဘဝကိုလုံးပန်းနေကြတဲ့ သူငယ်ချင်းတစ်စု ဟျွန်းဂျွန်းနဲ့တွေ့ရာကနေ ငယ်ဘဝကို ပြန်လည်တမ်းတမိကာဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုပြန်လည် ရှာဖွေသွားကြမလဲဆိုတာ တေးဂီတအဖွဲ့ရဲ့သီချင်းသီဆိုမှုတွေနဲ့ စီးမြောပြီးကြည့်လိုက်ကြပါဦးနော်