Rating ကောင်းကောင်း ဟော်ရာဇာတ်ကားတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ညွှန်း Joshua Courtade နဲ့ Kristin Mellian ဖြစ်ပြီး Joshua Courtade ကတော့ ဒါရိုက်တာပါ။လကမ္ဘာပေါ်ကလူအဖွဲ့အစည်းတစ်ခုလုံးကို မျိုးဖြုတ်ပစ်ခဲ့တဲ့ လမင်းတစ္ဆေဆိုတဲ့ ရှေးဟောင်းမိစ္ဆာတစ်ကောင်ကို လပေါ်သွားမစ်ရှင်တစ်ခုက မတော်တဆလွှတ်ပေးလိုက်မိရာကနေကမ္ဘာမြေပေါ်မှာပါကပ်ဆိုးကြီးဆိုက်သွားခဲ့ပါတယ်။ထိုမိစ္ဆာကို ရင်ဆိုင်နိုင်သူကတော့ လမင်းတစ္ဆေကို ချူပ်နှောင်နိုင်ခဲ့ဖူးတဲ့ လမင်းမှော်ဝိဇ္ဇာရဲ့ မျိုးဆက်ဖြစ်တဲ့ ဆယ်လီနာ (Danira Stanojevic)ကသာ တတ်နိုင်ပါတယ်။လမင်းတစ္ဆေကပဲ ကမ္ဘာပျက်စေမလား၊ဆယ်လီနာကပဲ စတေးခံတားဆီးနိုင်မလားဆိုတာကိုတော့ ရှုစားပေးပါ။ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးပြောရရင် နိုင်ငံရေး၊ အဖွဲ့အစည်းတွေ၊ ဘာသာရေး၊ ငွေတစ်မျက်နှာပဲကြည့်တဲ့ လူစု စသဖြင့် အမျိုးစုံကိုလှောင်ပြောင်ထားတာတွေ့ရမှာပါ။သတ်ခန်းဖြတ်ခန်းတွေက အသက်ပါလွန်းလို့ အသက်မပြည့်သေးရင် မကြည့်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ???? ညမကြည့်ရ သတ်မှတ်ထားချင်ပါတယ်နာမည်ကြီးရုပ်ရှင်တစ်ချို့ကိုလည်း Parody လုပ်ထားပါတယ်။ သရုပ်ဆောင်တွေ ဖောဖောသီသီသုံးထားလို့ ရှုမငြီးဖြစ်ရမှာပါ။