ဒီဇာတ်လမ်းက ၁၉၈၇နှစ်ကထွက်ရှိခဲ့တဲ့ Animationကားဖြစ်ပြီးဇာတ်လမ်းပုံစံထူးခြားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်ဒီဇာတ်လမ်းက ပေါင်မုန့်မီးကင်စက်၊ရေဒီယို၊ဖုန်စုပ်စက်၊မီးအိမ်နဲ့ စောင်ကလေးတစ်ထည်တို့ကို အခြေခံထားတာဖြစ်ပါတယ်။သခင်ဖြစ်သူ ငယ်ငယ်ကတည်းက အတူတူရှိလာတဲ့ အဲဒီအိမ်သုံးပစ္စည်းတွေဟာသခင်မရှိတော့တဲ့အချိန် တစ်နေ့ သခင်ပြန်လာနိုးနဲ့ အိမ်ဟောင်းလေးမှာပဲစောင့်မျှော်နေခဲ့ကြတာပါ။ဒါပေမဲ့ အဲဒီအိမ်ဟောင်းလေးအရောင်းစာရင်းတင်ခံလိုက်ရပြီးသခင်ပြန်မလာနိုင်တာသေချာသွားတဲ့နောက်သူတို့ကိုယ်တိုင် သခင်နောက်ကိုလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။အဲဒီလိုနဲ့ပဲအသက်ဝင်နေတဲ့ အိမ်သုံးပစ္စည်းကလေးတွေရဲ့နယ်အိမ်ကလေးကနေမြို့ပြကြီးဆီသွားတဲ့ ခရီးကြမ်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ စွန့်စားမှုတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမှာ ဖြစ်ပါတယ်။