အင်္ဂလန်တိုင်းပြည်မှာ စကော့တွေ ဝေလတွေ သူပုန်ထပြီး ဖရိုဖရဲ ဖြစ်နေချိန်၊စတုတ္ထမြောက်ဟင်နရီ ဘုရင် နတ်ရွာစံပြီး သူ့ရဲ့ သားဖြစ်သူပဉ္စမမြောက် ဟင်နရီ ဘုရင် နန်းတက်လာချိန်၊တိုင်းပြည်ကို ငြိမ်သက်အောင် ကြိုးစားရပုံပါ။Henry V ဟာ အဖေနဲ့အဆင်မပြေလို့ နန်းတော်မှာလည်းမနေအရက်သောက် ပျော်ပါးပြီး နယ်ဖျားမှာ နေခဲ့သူဖြစ်လို့ ဘယ်သူမှ အထင်မကြီးထားကြပါဘူး။ဒီလိုနဲ့ အင်္ဂလန်နဲ့ ပြင်သစ်တို့ ပဍိပက္ခဖြစ်ပြီး စစ်ဖြစ်လာတဲ့အခါမှာတော့…ဟင်နရီဟာ အင်္ဂလန်ရဲ့ ထိုက်တန်တဲ့ ဘုရင်ဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လာပါတော့တယ်။