ဒီကားလေးကတော့ ထူးခြားဆန်းပြားတဲ့ ပရလောကအကြောင်းတွေပါ ပါဝင်ပြီးတော့ ဟာသလေးလဲတစ်ဖြတ် သွေးထွက်သံယိုလဲတစ်ဖြတ်ရောနှောပါဝင်တဲ့စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဗျ။ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ဖော့န်ရပ်ဖဒွန်သိုင်း ဆိုတဲ့စစ်ဆေးရေးမှုးလေးတစ်ယောက်ဟာနယ်မှာတာဝန်ကျလို့ပြောင်းရွှေ့လာရတယ်။အဲ့ဒီမှာနေထိုင်တဲ့ ရွာသူရွာသားတွေဟာ မြွေနဂါးမယ်တော် နခီး ဆိုတာကိုတကယ်ရှိကြောင်း ယုံကြည်ကြတယ်။တစ်ရက်မှာလူတစ်ယောက်ဟာစေတီထဲဝင်လာပြီး မယ်တော်နခီးကို ကျိန်ဆဲပြောဆိုပြီးထွက်သွားလိုက်တယ်။ထူးဆန်းတာက ချက်ချင်းဆိုပဲ သူဟာအဲ့ညမှာအသ-တ်ခံလိုက်ရတော့တာပဲ။ဒါကို ဖဒွန်သိုင်း ကစစ်ဆေးမှုစတင်တော့တယ်။ဒါပေမဲ့ လူတွေဟာတစ်ယောက်ပြီးတစ်ယောက် သေလာကြတော့ ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ဒါကိုစေတီမှာ မယ်တော်ကိုဆက်သဖို့ပန်းရောင်းတဲ့ကောင်မလေးဖြစ်သူ ဆွိင်က တရားခံဆိုပြီးတော့အပြစ်တင်ခံရတော့တယ်။ဒိုရဲ့စစ်ဆေးရေးမှုးလေးကလည်း ဆွိင်ကတရားခံဟုတ်မဟုတ်နဲ့ ပရလောကကြီးရဲ့ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်။