သတင်းထောက်မလေး တာရာက အမေဖြစ်သူနဲ့စကားများပြီး သူရဲ့ပူပူနွေးနွေးရထားတဲ့ချစ်သူသစ်လေးနောက်ကို လိုက်သွားရှာပါတယ်။တကယ်တမ်း သူ့ကောင်လေး ဂျော်နီကဗိသုကာပညာရှင်တယောက်ဖြစ်ပြီး ကျေးလက်ဒေသတစ်ခုမှာ အလုပ်နဲ့သွားနေရမှာပါ။အဲဒီတော့ တာရာလည်း သူကြီးပြင်းခဲ့ရာ လူမှုအသိုက်အဝန်းကနေ ထွက်ခွာပြီး ပျောက်ဆုံးနေခဲ့တဲ့ပန်းချီဆရာမလေးလီဗီယာနေခဲ့ဖူးတဲ့အိမ်ကြီးမှာ ကောင်လေးနဲ့အတူနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ လီဗီယာရဲ့ပျောက်ဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀က ဒီဒေသမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေကတစ်နည်းနည်းနဲ့ဆက်စပ်နေတာကို သိသွားတဲ့အခါမှာတော့ ………