Kirikou and the Sorceress (1998) က နာမည်ကြီး ပြင်သစ်ဒါရိုက်တာ Michel Ocelot ရဲ့ အာဖရိကရိုးရာပုံပြင်တစ်ပုဒ်ကို 2D animation ဖြင့် ဖန်တီးထားတဲ့ ထူးထူးခြားခြားဇာတ်ကားတစ်ကားပါဇာတ်လမ်းကတော့ရွာသားတိုင်းကြောက်ရွံ့နေတဲ့ စုန်းမကြီး Karaba ချုပ်ကိုင်ထားတဲ့အာဖရိကရွာလေးတစ်ရွာက မွေးဖွားလာတဲ့Kirikou ဟာ သူ့ရွာကိုစုန်းမကြီးရန်ကလွှတ်မြောက်စေဖို့စွန့်စားခန်းတစ်ခုသွားပုံကို ရိုးရာပုံပြင်နဲ့ပေါင်းစပ်ပြီးဖော်ပြထားပါတယ်။ Karaba ဟာ အမှန်တကယ်ဆိုးဝါးတာမဟုတ်ဘဲမကောင်းတဲ့သူတွေကသူ့ကိုလုပ်ခဲ့တဲ့အဖြစ်အပျက်ရဲ့နောက်ကွယ်မှတကယ့်အကြောင်းအရင်းများကို Kirikou က တဖြည်းဖြည်းနားလည်သွားရာကနေ ဘယ်လိုအဆင်ပြေအောင်လုပ်ပေး မလဲဆိုတာကြည့်ရှုရမှာပါ။ဒီဇာတ်ကားက 1999 ခုနှစ် Annecy International Animated Film Festival မှာ Grand Prix ဆု ရရှိခဲ့ပြီး အာဖရိကရိုးရာပညာပေးပုံပြင် ကို ပုံဖော်ထားတဲ့ Adventure,Fantasy and Family Animatioဇာတ်ကား. ကောင်းလေးမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။