Immortal Demon Slayer FHD

Immortal Demon Slayer

Action Family Fantasy Adventure FHD 2017-07-13 7.5 130 Min

ဟိုးရှေးအချိန်က နတ်ဘုရားတိုင်းပြည်ပြိုကွဲလုနီးနီး ကောင်းကင်ကြီးနှစ်ခြမ်းကွဲလုနီးနီးဖြစ်ခဲ့တုန်းကကယ်‌တင်ရှင် နတ်ဘုရားမ နုဝါက ကောင်းကင်ကြီးကို ပြန်လည်ဖာထေးဖို့ မှော်ဝင်ကျောက်တုံးတွေကို အသုံးပြုခဲ့တယ်။ဒီမှော်ဝင်ကျောက်တုံးတွေကနေ မကောင်းဆိုးဝါးတစ်ကောင်ပေါက်ဖွားလာပြီးသူ့ကို ကောင်းကင်နတ်မင်းတွေ နှိမ်နင်းလိုက်နိုင်တာတောင် သူ့ရဲ့အမြုတေက ကမ္ဘာမြေဆီရောက်ပြီးနတ်ဘုရားမဟုတ် နတ်ဆိုးမဟုတ် အားလုံးသိကြတဲ့ စွန်းဝူခွန်းကို မွေးဖွားခဲ့တယ်။ကျောက်ရဲ့အမြု‌တေကို ရှာဖွေနှိမ်နင်းဖို့ ကောင်းကင်ဘုံနတ်ဘုရား‌တွေကြိုးစားရင်းတကယ်ရှာဖွေတွေ့ခဲ့ရတာတွေက အပေါ်ယံထက်ခက်ခဲနက်နဲလှတဲ့ ပုထုဇဉ်ခံစားချက်တွေပါ။ယုံကြည်ချက်၊ အချစ်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖန်တီးမယ့်လမ်းမှာ တားဆီးနေတဲ့ရက်စက်တဲ့ကံကြမ္မာ‌တွေ။လွယ်လွယ်အညံ့မခံတတ်တဲ့ စွန်းဝူခုန်း၊ ကောင်းကင်ဘုံရဲ့ အားကိုးရတဲ့ စစ်သည်တွေစစ်သည်တွေဖြစ်တဲ့ အားလင်နဲ့ တျန်းပေ၊ချစ်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးလေး အားဇီ၊ နတ်ပြည်ကနေ ပြစ္ဒဏ်အပေးခံရပြီး စုတေသွားတဲ့ အားယု၊သူတို့တွေ ဒီရက်စက်တဲ့ကံကြမ္မာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။ကံကြမ္မာဟာရော အမြဲတမ်းမှန်နေရဲ့လား။ဒီ Wu Kong ဇာတ်ကားမှာတော့ သာမာန်တွေ့နေကျ အနောက်ရက်သို့ခရီးသွားခန်းဇာတ်လမ်း‌တွေလိုမဟုတ်ဘဲနတ်ဘုရားနီးနီး အစွမ်းထက်ကြသူတွေကို သာမာန်ဘဝ၊ လူသားတစ်ယောက်ရဲ့ခံစားချက်များနဲ့ တွေ့မြင်ရမှာပါ။