ဒီရုပ်ရှင်ကားဟာ U.S ရဲအရာရှိ မာရှယ်တစ်ယောက်က သူဖမ်းခေါ်လာတဲ့ Quinn နဲ့ Don ဆိုတဲ့ ဘဏ်ဓားပြနှစ်ယောက်နဲ့အတူ လူရိုင်းတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီးငါးယောက်ကို ကယ်တင်ဖို့ ကြိုးစားတဲ့ western-horror ကားဖြစ်ပါတယ်။ ကချေသည် အမျိုးသမီး ငါးယောက်ဟာ ကန္တာရထဲ ခရီးထွက်နေစဥ် လူတစ်ပိုင်း ခွေးတစ်ပိုင်း လူရိုင်းတွေရဲ့ဖမ်းဆီးတာခံရတာဖြစ်ပါတယ်။အဲ့ဒီလူရိုင်းတွေက အမျိုးသမီးတွေကို ဖမ်းခေါ်၊ အဓမ္မကျင့်၊ ကိုယ်ဝန်လွယ်ခိုင်းပြီး ကလေးမွေးပေးပြီးတာနဲ့ ထိုအမျိုးသမီးတွေကို သတ်စားတတ်ကြတာပါ။မာရှယ် နဲ့အတူ Donရယ် Quinnရယ် သဲကန္တာရထဲက အရက်ဆိုင်ပိုင်ရှင် Herbie ရယ်ဟာ အမျိုးသမီးတွေကို ကယ်တင်ဖို့စွန့်စားခန်း ခရီးထွက်တာကို အသဲတယားယားနဲ့ ကြည့်ရဖြစ်ပါတယ်။