Six-String Samurai HD

Six-String Samurai

Action Comedy Adventure Science Fiction HD 1998-09-18 6.234 91 Min

Six-String Samurai ဇာတ်ကားကို ဒါရိုက်တာ Lance Mungia ရိုက်ကူးထားပြီး Jeffrey Falcon နဲ့ Justin McGuire တို့ပါဝင်ထားတဲ့ 1998 အမေရိကန်ခေတ်လွန်ဇာတ်ကြမ်းအက်ရှင်ဟာသဇာတ်ကားဖြစ်ပါတယ်ဒီဇာတ်ကားဟာဆိုရင် 1998 ခုနှစ်အတွင်း Slamdance မှာပြသခဲ့ပြီး အကောင်းဆုံးတည်းဖြတ်မှုနဲ့ ရုပ်ရှင်ရိုက်ကူးမှုအတွက်Slamdance ဆုများရရှိခဲ့ကာ ကမ္ဘာပျက်ပြီးနောက်ပိုင်းကာလမှာ ဖြစ်ပျက်သမျှကိုသီချင်းဖြင့်ဖော်ကျုးပြသထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် 1957 ခုနှစ်မှာ ဆိုဗီယက်က အမေရိကန်ကိုနျူကလီးယားတိုက်ခိုက်မှုပြလုပ်ခဲ့ပြီးနောက် King Elvis အုပ်ချုပ်တဲ့ Lost Vegas ကလွဲပြီး အမေရိကန်အစိုးရပြိုလဲသွားခဲ့ပါတယ် King Elvis ကွယ်လွန်ပြီးနောက် Rock ‘n’ Rollဘုရင်အသစ်လိုလာခဲ့ပြီး ဂီတပညာရှင်အားလုံးကိုဖိတ်ကြားခဲ့ပါတယ်နာမည်ကြီး Six strings ဂစ်တာဓားသမားဖြစ်တဲ့ Buddy ခေါ် မျက်လုံးလေးလုံးကလည်း ဘုရင်နေရာရဖို့ Lost Vegas ကိုလာခဲ့ပေမယ့် ခရီးမရောက်ခင် ကန္တာရလမ်းတစ်လျှောက် Death ရဲ့ဘုရင်နေရာရလိုမှုအတွက် လိုက်လံသတ်ဖြတ်မှုကို Kid ဆိုတဲ့ကလေးနဲ့အတူရင်ဆိုင်ခဲ့ရပါတော့တယ် နောက်ဆုံးမှာ မျက်လုံးလေးလုံးတစ်ယောက် Lost Vegasကိုရောက်ပြီးဘုရင်ဖြစ်သွားမလား သူသံဃောဇဉ်တွယ်နေတဲ့ Kid ဆိုတဲ့ကလေးနဲ့အတူ သေဘေးကနေလွတ်မြောက်နိုင်မလား ဆိုတာကို ရော့ခ်ဂီတကိုခံစားရင်းကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်