Exorcism Chronicles: The Beginning FHD

Exorcism Chronicles: The Beginning

Action Fantasy Horror Animation FHD 2025-02-21 7.25 86 Min

နှစ်ပေါင်းရာချီတိတ်ဆိတ်စွာ နေထိုင်ခဲ့တဲ့ ဟယ်ဒုံလျှို့ဝှက်ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ၁၄၅ ဆက်မြောက်ဘာသာရေးခေါင်းဆောင်ဟာ အစွမ်းထက်တဲ့ မကောင်းဆိုးဝါး စွမ်းအင်တွေကိုရယူဖို့အတွက်အသက်ပေါင်းများစွာကို ယဇ်ပူဇော်တဲ့ အခမ်းအနားတစ်ခုပြုလုပ်ရန် ကြံစည်နေပါတော့တယ်။ဒါ့ကြောင့်ပဲ အဲဒီအကြံအစည်ကို တားဆီးပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက်ထူးခြားတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးနှိမ်နင်းသူ လေးယောက်အဖွဲ့ ပေါ်ပေါက်လာပါတယ်။အဲဒီအဖွဲ့မှာ ဖာသာကြီးဘတ်၊ ပညာရှင် ဟျွန်းအမ်၊ ငယ်ရွယ်တဲ့ စွမ်းအားရှင်လေးဂျွန်းဟူနဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ ဆွန်းဟီးဆိုသူ ၄ ဦးပါဝင်ပြီး သူတို့တစ်ယောက်ချင်းစီရဲ့အစွမ်းအစတွေကို ပေါင်းစပ်ပြီး အမှောင်ထုထဲက နတ်ဆိုးတွေနဲ့ထိပ်တိုက်ယှဥ်ပြိုင်လာတဲ့အခါမှာတော့…ဒီကားလေးထဲမှာ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေ၊ အမှောင်လောကရဲ့ လျှို့ဝှက်ချက်တွေ၊စိတ်လှုပ်ရှားဖွယ်ရာ တိုက်ခိုက်ခန်းတွေနဲ့ပြည့်နှက်နေတာမို့ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုနှစ်သက်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ လက်ရာကောင်းတစ်ခုဆိုတာတော့ မလွဲဧကန်ပါပဲ…