Keratyna HD

Keratyna

ငယ်ငယ်ကတည်းက အတန်းထဲမှာ ကြွက်လို့အခေါ်ခံရတဲ့ ရာတာတစ်ယောက် အသက်သုံးဆယ်ကျော်တဲ့အထိ မိခင်နဲ့ပဲအတူနေထိုင်ရင်းအခန်းထဲကအခန်းအပြင်မထွက်တော့ဘဲကမ္ဘာဂြိုဟ်နဲ့လူသားတွေကို ဂြိုဟ်သားတွေချုပ်ကိုင်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ဗီဒီယိုတွေနဲ့ချန်နယ်တစ်ခုထောင်ရင်း သူ့ကိုယ်သူသတင်းထောက်လို့သတ်မှတ်ထားခဲ့ပါတယ်။တစ်နေ့မှာတော့ အိမ်နားနီးချင်းအမျိုးသမီးတစ်ယောက် တိုက်ပေါ်ကပြုတ်ကျသေတဲ့ကိစ္စနဲ့ပတ်သက်ပြီးရဲတွေလာစစ်မေးတဲ့အချိန် သူမြင်လိုက်ရတာကို မပြောဘဲနေခဲ့ပါတယ်။ဒါပေမဲ့လည်းအမျိုးသမီးမသေခင်အချိန် ပြတင်းပေါက်ကနေ သူမြင်လိုက်ရတဲ့လူက သူ့တိုက်ခန်းကိုချောင်းပေါက်မတတ် ဝင်ထွက်သွားလာနေတဲ့အခါမှာတော့…။