Killing the Competition HD

Killing the Competition

Drama TV Movie HD 2025-03-01 6.25 88 Min

အဲလစ်ဇဘက်ဖန်းဝှစ်ခ်( Melissa Joan Hart)က မိသားစုနဲ့အတူသူ့ဇာတိမြို့လေးကိုပြန်ပြောင်းလာပါတယ်။သူ့မှာဂရေ့စ်ဆိုတဲ့သမီးလေးတစ်ယောက်နဲ့ဂျက်ခ်ဆန်ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။ယောကျာ်းကလည်း အဲလစ်ဇဘက်ကိုချစ်ရှာပါတယ်။ဂရေ့စ်(Lily Brooks O’Briant)ကသူ့အမေတက်တဲ့ အထက်တန်းကျောင်းမှာပြန်တက်ပါတယ်။ထရက်ရှာရတ်စ်အကအဖွဲ့မှာပါဖို့ လူရွေးပွဲလုပ်တဲ့အခါ အဲလစ်ဇဘက်က ဂရေ့စ်ကိုသင်ပေးပါတယ်သူကိုယ်တိုင်ကလည်းတစ်ချိန်က ထရက်ရှာရတ်စ်အဖွဲ့မှာပါခဲ့ပြီး အဲဒီတုန်းကတော့ သူ့ကသူသိများတဲ့ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။တကယ်ရွေးတော့ ဂရေ့စ်အရွေးမခံရဘူး။အဲလစ်ဇဘက်က ချက်နဲ့လက်နဲ့ဘုတ်အဖွဲ့ကိုစောဒကတက်လိုက်တော့ ဂရေ့စ်တင်မကဘူး ပယ်ချခံထားရတဲ့မိန်းကလေးတွေကိုပါလက်ခံလိုက်ပါတယ်။ဂရေ့စ်ကသူ့ကိစ္စတွေမှာသူ့အမေစွက်ဖက်လွန်းတာကို သိပ်မကြိုက်ပါဘူး။ သူ့အမေကလည်းသူ့သမီးအမှားလုပ်ရင် ပြင်ပေးမယ် ကာကွယ်ပေးမယ်ဖြစ်နေပါတယ်ဂရေ့စ်ရဲ့ရည်းစားတိုင်လာကိုလည်းသဘောမကျ။ဂရေ့စ်ရဲ့သူငယ်ချင်းအသစ်ဟန်နာကိုလည်းသဘောမကျ။နောက်တော့သားအမိနှစ်ယောက်စကားများကြရင်း ဂရေ့စ်က သူ့အမေကိုသူတို့အကအဖွဲ့ကမယ့် ဘောလုံးပွဲဖွင့်ပွဲနေ့ကျရင်မလာပါနဲ့လို့ပြောလိုက်တော့အဲလစ်ဇဘက်တစ်အားခံစားသွားရပါတယ်တိုင်လာနဲ့ဟန်နာတို့ဂရေ့စ်မသိအောင်တွဲနေတယ်လို့အဲလစ်ဇဘက်ကသူ့ဘာသာထင်လာတဲ့အခါ အဲဒါကိုအတည်ပြုဖို့ကြိုးစားရင်းမထင်မှတ်တဲ့ပြဿနာတွေဖြစ်လာပါတော့တယ်ဘာတွေဖြစ်လာမယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကတော့ ဆက်ကြည့်ပေးကြပါ။Hearထိတဲ့ဇာတ်ကွက်ကလေးတွေနဲ့စကားတွေကတော့“ဒါပေမဲ့အမေ့ကိုကျွန်မသိစေချင်တာကနေ့တိုင်းတစ်ခုခုဖြစ်လာခဲ့ရင်ကျွန်မအမေ့ကိုအဲဒါတွေအတွက်ရှိစေချင်တယ်အဲဒီလိုမှမဟုတ်ရင်အမေ့ရဲအကြံပေးတာတာတွေကိုရချင်ပါတယ်”အစကတည်းကသာ မိဘကလည်းသားသမီးကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပြီး ဘေးကနေအသာထိန်းကျောင်းပေးခဲ့ရင် သားသမီးကလည်းမိဘရဲ့စေတနာ မေတ္တာကိုနားလည်ပြီးစိတ်ထိခိုက်အောင်မပြောခဲ့ရင် ဇာတ်သိမ်းလေးကလှမှာပါသားသမီးဆိုတာရတနာတစ်ပါးဖြစ်သလိုအမေဆိုတာလည်းတန်ဖိုးဖြတ်မရတဲ့ရတနာတစ်ပါးပါ။ကျွန်မကတော့ အဲလစ်ဇဘက်နေရာမှာ သရုပ်ဆောင်တဲ့ Melissa Joan Hartသရုပ်ဆောင်တာကိုတကယ်ကြိုက်ပါတယ်။ ပရိသတ်တွေလည်းကြိုက်မှာပါ။