The King's Case Note FHD

The King's Case Note

Action Comedy Adventure FHD 2017-04-26 7.2 115 Min

ဒီဇာတ်လမ်းထဲမှာတော…အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ‘ဂျိုဆွန်’မင်းကြီးနဲ့သူ့ရဲ့စာတမ်းပြုစုသူ ‘ယွန်ရီဆွန်’တို့ကိုရှားလော့ဟုမ်းနဲ့ဒေါက်တာဝပ်ဆင်လို ပုံစံမျိုးသရုပ်ဖော်ထားပါတယ်။ဂျိုဆွန်မင်းကြီးက သာမန်ရှင်ဘုရင်မဟုတ်ပေ..ခေတ်မှီသလို ဉာဏ်ရည်လဲထက်မြက်ပြီး ဂရုဏာတရားလဲအပြည့်အဝရှိသူပါ။ဟိတ်ဟန်တွေကို မုန်းသူတစ်ယောက်ဖြစ်သလို ဟာသဆန်ဆန်လဲ နေတတ်ပါသေးတယ်။နန်းတွင်းထဲမှာတော့ အမှုထမ်းအကြီးပိုင်းတွေမှာအာဏာလွန်ဆွဲပွဲတွေဖြစ်ပေါ်နေပြီး ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့အချိန်မှာရှင်ဘုရင်ဟာ ယွန်ရီဆွန်ဆိုတဲ့ အူကြောင်ကြောင်လူငယ်လေးကို သူ့ဘေးနားမှာ ဘုရင့်မှတ်တမ်းပြုစုသူရာထူးနဲ့အတွင်းရေးမှူးပုံစံ ခန့်အပ်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ တိုင်းပြည်အတွင်းမှာပေါ်ပေါက်လာပြီးနောက် ကောလဟာလတွေကလည်းပြည်သူလူထုကြားထိတ်လန့်ဖွယ် ပျံ့နှံ့နေပါတယ်။ဒီလိုမျိုးဖြစ်ရပ်တွေနောက်ကွယ်မှာ ကြိုတင်အကွက်ချထားတဲ့ ပုန်ကန်မှုအကြီးစားကြီးတစ်ခုရှိနေခဲ့ပြီးမင်းကြီးနဲ့’ယွန်ရီဆွန်’တို့ ပြသနာအားလုံးရဲ့အရင်းအမြစ်ကိုဆက်စပ်ရှာဖွေကာပုန်ကန်မှုကြီးကိုဟန့်တားဖို့ကြိုးစားကြတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။လျို့ဝှက်မှုတွေနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းလေးဖြစ်ပြီးဟာသအလွဲလေးတွေလည်းပါဝင်တာကြောင့် သေချာပေါက်အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။သိပ်ကြိုက်မိတဲ့အချက်လေးတွေ ဒီဇာတ်ကားထဲမှာပါဝင်နေပါတယ်။ သူငယ်ချင်းတို့လဲ အကြိုက်တွေ့လိမ့်မယ်လို့ ယူဆမိပါကြောင်း။