Bicycle Days FHD

Bicycle Days

Unknown FHD 2023-04-14 8.3 90 Min

ကလေးဘဝရဲ့ အိပ်မက်တွေ ကြီးပြင်းလာမှုရဲ့ စိန်ခေါ်မှုတွေနဲ့ ခင်မင်ရင်းနှီးမှုတွေကိုရိုးရှင်းနွေးထွေးစွာ ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒီဇာတ်ကားက ပရိသတ်တွေကိုရိုးသားတဲ့ စိတ်ခံစားမှုတွေနဲ့ ထိတွေ့စေမှာဖြစ်ပြီး ငယ်ဘဝကိုပြန်လည်မြင်ယောင်လာစေမှာ အမှန်ပါပဲဇာတ်လမ်းကတော့ အသက် ၁၀ နှစ်အရွယ် အာရှစ်လို့ခေါ်တဲ့ ဉာဏ်ကောင်းပြီးတက်ကြွတဲ့ ရွာက ကောင်လေးတစ်ယောက်အကြောင်းပါ သူက သူ့သူငယ်ချင်းတွေလိုပဲမြို့ပေါ်က ပိုကောင်းတဲ့ကျောင်းကို တက်ချင်နေပါတယ် ဒါပေမဲ့ သူ့မိဘတွေကတော့သူ့ကို ရွာမှာပဲ ကျောင်းပြီးစေချင်ကြတယ်ပေါ့ မြို့ကစရိတ်ကလည်း မိဘတွေအတွက်တော့နောက်စရာမဟုတ်နေဘူးလေ ဒါ့အပြင် အစိုးရရဲ့ စက်ဘီးပေးတဲ့ အစီအစဉ်ကနေ စက်ဘီးမရလိုက်တဲ့အခါသူ့ရဲ့စိတ်ဓာတ်တွေ ပိုကျဆင်းလာပြီး စာသင်တာကိုပါ စိတ်မဝင်စားတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ သူ့ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာပါတယ် မြို့ကနေ ရွာကို ရောက်လာတဲ့ဆရာလေး ရှိတ်ခါနဲ့ ဆုံတွေ့ပြီးတော့ အာရှစ်ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားမလဲသူ စက်ဘီးရဖို့ အိပ်မက်တွေ ပြန်လည်အသက်ဝင်လာမလား သူ့ရဲ့ရည်မှန်းချက်တွေပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်