ဇာတ်လမ်းရဲ့နာမည်ကိုက သေခြင်းတရားနဲ့နီးစပ်နေသလိုပဲ ဇာတ်လမ်းအစဟာလည်း လူသားတွေအတွက် ဆိုးဝါးတဲ့ ကပ်ဆိုးကြီးတစ်ခုနဲ့အစပြုခဲ့ပါတယ်။ကမ္ဘာပေါ်မှာ အမျိုးအမည်မသိအရွယ်အစား မိုင် တစ်သောင်းလောက်ရှိတဲ့ ဆူးချွန်(spike)ပုံအရာဝတ္ထုကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာပြီး လူတွေအများကြီးသေဆုံးသွားပါတယ်။ပိုဆိုးတာကဒီလောက်ကြီးမားတဲ့အရာကြီးက တစ်နေရာထဲမှာငြိမ်ငြိမ်နေနေတာမဟုတ်ပဲ ရွေ့နေတတ်တဲ့အပြင် ရုတ်တရက်ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာကလည်း အခြေအနေတွေကိုပိုပြီးဆိုးဝါးအောင် လုပ်နေသလိုဖြစ်နေပါတယ်။အစိုးရပေါင်းများစွာက ဒါကြီးကိုဖယ်ရှားဖို့ ကြိုးစားပေမဲ့လည်း အရာမထင်ခဲ့ဘဲ ကမ္ဘာကြီးကသာ ဒီဆူးချွန်ကြီးကြောင့် ပြောင်းလဲလာခဲ့ရပါတယ်ဇာတ်လမ်းလေးကတော့ ဒီဆူးချွန်ကြီးပေါ်လာအပြီး ၁၂ နှစ်အကြာကိုဇာတ်အိမ်တည်ထားတာပါ။အကြွေးတွေပိနေတဲ့ ထာလီရာဆိုတဲ့ ပျားမွေးတဲ့ကောင်မလေးဟာသူပျားတွေကိုအလုပ်ကိစ္စအတွက်ပို့ရင်း လမ်းမှာ ကိုင် ဆိုတဲ့ ကောင်ချောလေးတစ်ယောက်နဲ့ဆုံမိသွားပါတယ်။အဲဒီအချိန်မှာပဲ ဆူးချွန်ကြီးက ရုတ်တရက်နေရာရွေ့သွားတဲ့အတွက်သူတို့နှစ်ယောက်က တစ်နေရာရာကိုအပို့ခံလိုက်ရပါတော့တယ်။ဘဝမှာဆုံးရှုံးမှုတွေကိုယ်စီရှိပြီးသားနှစ်ယောက်က သူတို့လက်ကျန် လက်ရှိပိုင်ဆိုင်နေတဲ့အရာလေးတွေရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ …..သူတို့ရဲ့ပစ္စည်းတွေကို ပြန်လည်ရှာတွေ့ဖို့ စရိုက်မတူတဲ့နှစ်ယောက်အတူတူခရီးဆက်ရပါတော့တယ်Minor spoiler လေးအနေနဲ့ကတော့ ဒီဇာတ်ကားကတခြား Sci-fi တွေလိုမျိုး ဆန်းဆန်းပြားပြားတွေထက် ဒီလိုရှောင်လွှဲလို့လည်းမရ နားလည်ဖို့လည်းခက်ခဲတဲ့သေခြင်းတရားနဲ့ရင်ဆိုင်နေရတဲ့ လူသားတွေ ဘယ်လိုအသက်ရှင်နေကြလည်းရုန်းကန်လှုပ်ရှားနေကြလည်းဆိုတာကို ပိုပြီးအာရုံစိုက်ပြသထားတဲ့ကားကောင်းလေးလို့ညွှန်းဆိုပါရစေ။ဒါရိုက်တာ Matthew Arnold နဲ့ Freddie Wong တို့ကရိုက်ကူးထားပြီး JordanRodrigues, Ashly Burch တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။