ကင်ဆာရောဂါဖြစ်နေတဲ့ ၁၁ အရွယ်ကလေးမလေး Sam က ဆေးရုံကနေထွက်ပြေးပြီး Taranaki တောင်ကိုတက်ဖို တစ်ယောက်တည်း ခရီးထွက်သွားခဲ့တယ်။ဒါပေမဲ့ ကံကြမ္မာက သူ့ကိုBronco နဲ့ Mallory ဆိုတဲ့ ရွယ်တူကောင်လေးနှစ်ယောက်နဲ့ လမ်းမှာဆုံခွင့်ပေးခဲ့ပြီး သူ့ရဲ့ခရီးထဲပါအောင် ဆွဲခေါ်နိုင်ခဲ့တယ်။ဒီလိုနဲ့ အိမ်ကနေထွက်ပြေးပြီး Taranaki တောင်ကြီးကိုတက်ကြမဲ့ ကလေးသုံးယောက် သူတိုရဲ့ဗဟုသုတမှီသလောက်နဲ့ စွန့်စားရေးခရီးမှာ ကြုံလာမဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကိုမိသားစုနဲ့ သူငယ်ချင်းတွေရဲ့အချစ်၊ ကလေးတွေရဲ့ စွန့်စားလိုစိတ်နဲ့ သဘာဝပတ်ဝန်းကျင် အလှအပတွေနဲ့အတူ ရယ်စရာအကွက်မျိုးစုံနဲ့ကြည့်ရမဲ့ဟာသဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။