Dog Soldiers FHD

Dog Soldiers

Action Horror Thriller FHD 2002-05-10 6.7 105 Min

ကားဟောင်းတစ်ကားဆိုပေမယ့်တော်တော်ကိုမဆိုးလှတဲ့ထဲမှာပါပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကအိမ်တစ်အိမ်ထဲမှာ စစ်သားတစ်ဖွဲ့နဲ့မိန်းကလေး တစ်ယောက်ရဲ့ တစ်ညတာအဖြစ်အပျက်တွေကိုပဲပြသွားတာပါ ။ တစ်မျိုးတော့ မထင်ပါနဲ့။ အိမ်ရဲ့ပတ်ပတ်လည်မှာမကောင်းတဲ့အရာတွေဝိုင်းနေတဲ့ကြားကနေ အားလုံးတူတူလွတ်အောင်ကြံစည်ကြပုံတွေကိုပြောတာပါ။ အဲဒီမကောင်းတဲ့အရာတွေကဘာတွေလဲဆိုတာပြောလိုက်ရင်ကြည့်ရတာ ပေါ့သွား နိုင်တာကြောင့်မပြောတော့ပါဘူး။ မဖြစ်မနေချီးကျူးရမှာကသရုပ်ဆောင်တစ်ယောက် ချင်းစီကိုပါပဲ။ ဗိုလ်ကြီးတစ်ယောက်နဲ့တပ်သားငါးယောက်၊ အားလုံးတစ်ယောက်ချင်းရဲ့ ကာရိုက်တာတည်ဆောက်ပုံတွေ သရုပ်ဆောင်ချက်တွေဟာ လိုလေသေးမရှိအောင် ပြည့်စုံသလို၊ ဇာတ်လမ်းကအကောင်းကြီးမဟုတ်တောင် သူတို့ကြောင့်ဆက်ကြည့်ချင်စိတ် ဖြစ်လာမယ်ဆိုတာအာမခံနိုင်ပါတယ်။