ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် က Moroccoနိုင်ငံကိုထွက်သွားပြီး Casablanca မြို့မှာ ဘားတစ်ခုဖွင့်လို့ အတည်တကျဖြစ်နေခဲ့ပါပြီ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ အဲ့ဒီ့ဘားကို အယ်လ်ဆာ နဲ့ သူ့အမျိုးသား ဗစ်တာ တို့ရောက်ချလာပါတယ် အယ်လ်ဆာ က ဘားမှာ စန္ဒရားအတီးကျွမ်းတဲ့ ဂီတသမား ဆမ် ကို ပြန်တွေ့လိုက်တော့ သီချင်းတစ်ပုဒ်တောင်းပါတယ် အဲ့သီချင်းက As Time Goes By ပါ သူတို့တွေပြန်ဆုံသွားကြတဲ့အခါ ဘယ်လိုတွေဖြစ်ကြမလဲ