ဒီကားထဲမှာဆိုရင် အယ်လစ်ဆိုတဲ့ ကောင်မလေးက လိုလာဆိုတဲ့အကောင့်နာမည်နဲ့ ကမ်ရှိုးတွေပြပါတယ် ကမ်ရှိုးဆိုတာကတော့ ဝဘ်ဆိုဒ်တစ်ခုမှာ မိန်းကလေးတွေက လိုက်ဗ်လွှင့်တယ် အမျိုးသားတွေက ဘောက်ဆူးတွေပေးပြီး သူတို့ခိုင်းတာကို မိန်းကလေးတွေကလုပ်ပြရတာမျိုးပါ တစ်နည်းအားဖြင့်တော့ public sex chat သလိုပါပဲ လူကြိုက်များ မများပေါ်မူတည်ပြီးတော့လဲ အဆင့်တွေသတ်မှတ်ထားတာပေါ့ အဲ့မှာ အယ်လစ်က သိပ်မကျော်ကြားသေးတဲ့သူပေါ့ သူကအဆင့်တက်ဖို့ကြိုးစားနေတာ တစ်နေ့မှာတော့ သူကခပ်ဆန်းဆန်းရှိုးလေးတစ်ခုပြပြီတော့ ထိပ်ဆုံးအဆင့် ၅၀ အတွင်းဝင်သွားပါတော့တယ် ဒါပေမဲ့နောက်တစ်နေ့ သူအိပ်ရာက နိုးလာတော့ သူ့အကောင့်ထဲကို ဝင်လို့မရတော့ပါဘူး အဲ့ထက်ပိုဆိုးတာက သူ့အကောင့်မှာ သူနဲ့တစ်ပုံစံထဲတူတဲ့ မိန်းကလေးက သူ့လိုဟန်ဆောင်ပြီး ရှိုးတွေဆက်ပြနေတာပါပဲ