Solo Boy HD

Solo Boy

Drama Family Romance HD 2025-07-04 8.3 133 Min

ဒီတစ်ခေါက်မှာတော့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်နေမဲ့ လူငယ်ဒရမ်မာဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ခရစ်ရှနမူသီက ငယ်ဘဝတည်းက မိခင်နဲ့ဖခင်ရဲ့အငြင်းပွါးမှုတွေကြားထဲမှာ နာကျင်စွာကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ကောလိပ်တက်တဲ့အချိန်မှာ အချစ်ကိုအမှတ်မထင်တွေ့ရှိခဲ့ပြီး ကျောင်းတွေပြီးလို့ အလုပ်လျှောက်တဲ့အချိန်မှာကောင်မလေးနဲ့သဘောထားချင်းမတိုက်ဆိုင်ဘဲ လမ်းခွဲခဲ့ကြပြီး ခရစ်ရှနမူသီစိတ်ဓာတ်တွေကျခဲ့ရပါတယ်။ဒါပေမဲ့လည်း ကိုယ်ခြေထောက်ပေါ်ရပ်တည်နိုင်ဖို့အတွက် ပြန်လည်ကြိုးစားခဲ့ပါတယ်။နည်းပညာလောကမှာ အကောင်းဆုံးဆရာတစ်ဆူဖြစ်လာခဲ့ပြီးတစ်နိုင်ငံလုံး လူသိများတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ဒီအခြေအနေတစ်ခုထိရောက်အောင် ခရစ်ရှနမူသီဘဝအခက်အခဲတွေကို ဘယ်လိုကြိုးစားကျော်ဖြတ်ခဲ့ရလဲ။လူငယ်ဘဝ အသည်းကွဲတဲ့ဒဏ်ရာတွေကိုရော သူဘယ်လိုကုစားခဲ့လဲ။အနာဂတ်မှာ သူချစ်ရတဲ့အချစ်စစ်နဲ့ရော တွေ့ပါဦးမလားဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုပေးကြပါဦး