Savior HD

Savior

Drama History War HD 1998-06-01 7.205 103 Min

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ဂျော့ရှ် ရို့စ် ကပဲရစ်မြို့ (Paris) ရှိ အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ် အစ္စလာမ္မစ် အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့်သူ့ရဲ့ဇနီး မာရီယာ နှင့် သားလေးတို့ကို ဆုံးရှုံးလိုက်ရတဲ့ ဖြစ်ရပ်ကြောင့် ဂျော့ရှ်က ဒေါသမီးတောက်ပြီး အနီးအနားရှိ ဗလီထဲမှာ ဘာသာရေးဝတ်ပြုနေသူ အများအပြားကိုပစ်သတ်လိုက်ခဲ့တယ်။ သူ့သူငယ်ချင်း ပီတာ က ဂျော့ရှ်ကို ဖမ်းဆီးရာမှ တိမ်းရှောင်ဖို့နဲ့သူ့အသက်ကိုကယ်ဖို့ နောက်ထပ် လူတစ်ဦးကိုပါ ပစ်သတ်လိုက်ရပြီးနောက် နှစ်ဦးသား ပြင်သစ်နိုင်ငံခြားရေးတပ်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဂျော့ရှ်ကဂိုင် အဖြစ် နာမည်ပြောင်းပြီး နောက်နှစ် အနည်းငယ်ကြာပြီးနောက် ဂိုင်က ဘော့စနီးယား စစ်ပွဲ တွင်ပါဝင်ပြီး စစ်ပွဲရဲ့ကြမ်းကြုတ်မှူတွေကြောင့် လူသားဆန်မှူ ကင်းမဲ့လာပြီး သူ့သူငယ်ချင်း ပီတာကိုလည်း စစ်ပွဲအတွင်းမှာ ဆုံးရှူံးလိုက်ရပါတော့တယ်။အဲ့ဒီနောက် ဂိုင်လည်း ဂိုရန်ဆိုတဲ့ ဆာ့ဘ်ဘာစနီးယားစစ်သားတစ်ယောက်နဲ့ စစ်မီးသင့်နေတဲ့ မြို့ထဲ ဝင်ရောက်စီးနင်းရာမှ အဖမ်းခံထားရတဲ့ ဆာ့ဘ်လူမျိိူး ဗီရာဆိုတဲ့ ကိုယ်ဝန်သည်တစ်ယောက်ကို တွေ့ပြီးဗီရာက မွတ်ဆလင်မုဒိန်းကျင့်ခံထားရတာကြောင့် ကလေးကို မလို ချင်ကြောင်း ပြောပြီး ဂိုင်က တော့ ဆာ့ဘ်လူမျိုးတစ်ယောက် အနေနဲ့ သတ်ပစ်မယ်လုပ်တာကြောင့် ဂိုရန်က ပဲ ဂိုင်ကိုသတ်လိုက်ရပြီး ကလေးကိုမွေးဖွားစေပြီး ဘေးကင်းရာ ကုလသမဂ္ဂ ဒေသသို့ ပို့ဆောင်ပေးလိုက်ပါတော့တယ်။  စစ်ပွဲ၏ အမှန်တကယ် ရက်စက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး လူသားချင်းစာနာထောက်ထားမှုနှင့် ကရုဏာစိတ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပုံကို ပုံဖော်ထားတဲ့ ဇာတ်ကားလေး မလို့ ပေးရတဲ့ အချိန်နဲ့ တန်မှာမလို့ ကြည့်ရှုခံစားလိုက်ပါ။