The Tale of Iya HD

The Tale of Iya

Drama Fantasy Mystery HD 2013-10-22 6.9 170 Min

တိုကူရှီမားခရိုင်၊ အီယာဒေသ အလယ်ပိုင်းမှာရှိတဲ့ တောင်ထိပ်တွေနဲ့ မျက်နှာပြင် မညီညာတဲ့နေရာဒေသတွေကို ရုပ်မြင်သံကြား ကဗျာတစ်ပုဒ်အဖြစ် ပုံဖော်ရိုက်ကူးထားပါတယ်။အီယာတောင်ထိပ်မှာ အဖိုးနဲ့ မြေးမဖြစ်သူ ဟာရုနာတို့က လျှပ်စစ်မရှိ၊ ဓာတ်ငွေ့မရှိ တိတ်ဆိတ်ပြီးကိုယ်တိုင်လုပ် ကိုယ်တိုင်စားဘဝနဲ့ ရှင်သန်နေထိုင်ကြပါတယ်။တစ်နေ့မှာ တိုကျိုမြို့သား ခုဒိုဟာ ရွာကို အလည်လာရင်း သူတို့မြေးဖိုး နှစ်ယောက်ဆီမှာနေထိုင်ဖို့ ဖြစ်လာပါတယ်။၃၅ မီလီမီတာဖီလင်ဖြင့် ရိုက်ကူးထားပြီး အဘွားရွာသူကြီးတစ်ဦး၊ တောင်ပေါ်မှာပဲ မြေးမလေးနဲ့သီးသန့်နေတဲ့ အဘိုးကြီးတစ်ဦး၊ သစ်တောမပြုန်းတီးရေးအတွက် ဂျပန်တွေကို ပြန်ပြီးဆန္ဒပြကြတဲ့ နိုင်ငံခြားသားဧည့်သည်တွေ…မြို့ပေါ်မှာ ပြဿနာတစ်ခု ကြုံတွေ့ပြီး အလည်လာတဲ့ တိုကျိုမြို့သားတစ်ဦး၊ မြို့သားတွေကိုသဘောမကျတဲ့ သက်လတ်ပိုင်း ရွာသားတစ်ဦး၊ ထိုလူတွေရဲ့ စိတ်ဝင်စားဖွယ်အကြောင်းများကိုကြည့်ရှုရမှာဖြစ်ပါတယ်။Spoil မပါအောင် ဒီထိပဲပြောပါမယ်ဗျ။ဒီထဲမှာ ရင်ထဲထိတဲ့ စကားလေးတစ်ခွန်းကတော့ သပိတ်ခေါင်းဆောင် မိုက်ကယ် သူ့နိုင်ငံကိုမပြန်ခင် ပြောသွားတာလေးပါ။“နောက်ဆုံးတော့ ငါတို့ဟာ အပြင်လူတွေပါပဲ”ပြင်ပလူတွေက ဘယ်လောက်ပဲ ကောင်းစားအောင် ကြိုးစားပေးနေပါစေ ကိုယ့်ပြည်ကိုယ့်ရွာကိုယ့်နိုင်ငံကို ကိုယ်တိုင်ပဲ ကောင်းအောင် လုပ်နိုင်မယ်ဆိုတာကို အသိသတိရှိမိ‌စေမှာပါ။