War of the Worlds HD

War of the Worlds

Thriller Science Fiction HD 2025-07-29 4.6 91 Min

ဝီလ် ရက်ဖို့ဒ် (Will Radford) က Homeland Security (ပြည်တွင်းလုံခြုံရေးဌာန) မှ ထိပ်တန်း ဆိုက်ဘာလုံခြုံရေး သုတေသီတစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ စောင့်ကြည့်လေ့လာရေးအစီအစဉ် “Goliath” (ဂိုလိုင်းယတ်) မှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ခြေရာခံဖို့ပါ။ဝီလ်သည် ဇနီးသည် ကွယ်လွန်ပြီးနောက်အလုပ်မှာသာအာရုံစိုက်ပြီး သူ့သားသမီးတွေဖြစ်တဲ့ ဒေ့ဗ် ( အစိုးရ စောင့်ကြည့်ရေးအလုပ်ကို ဆန့်ကျင်တဲ့ ပရိုဂရမ်မာ) နဲ့ ဖေ့ချ်( ဇီဝသုတေသီ) တို့နဲ့ ဝေးကွာနေတာပါ။ရုတ်တရက်ထူးဆန်းတဲ့ရာသီဥတုတွေဖြစ်လာပြီး NASA သိပ္ပံပညာရှင် ဒေါက်တာ စန်ဒရာ ဆာလတ် က ဒါတွေဟာ ဂြိုလ်သားကျူးကျော်စစ် အရိပ်ယောင်ဖြစ်ကြောင်း ပြောပေမယ့် ဝီလ်က ဂရုမစိုက်မိရာမှမကြာမီကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများသို့ ထူးဆန်းတဲ့ ဂြိုလ်သားစက်များက ကျူးကျော်စတင်တော့သည်။ဒီဂြိုလ်သားတွေဟာ သတင်းအချက်အလက် (data) ကို စားသုံးကြသည့်သတ္တဝါတွေဖြစ်ပြီး၊ သူတို့ရဲ့ ပစ်မှတ်က ကမ္ဘာပေါ်ရှိ ဒေတာစင်တာတွေပါ။Homeland Security ဒါရိုက်တာ ဒေါ်နယ် ဘရစ်ဂ်စ်ကလည်း “Goliath” အစီအစဉ်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေပြီးသူတို့ဟာ ဂြိုလ်သားများနှင့် အဆက်အသွယ်ရှိပြီး ဂြိုလ်သားတွေကို ဘမ္ဘာမြေကို ရောက်လာဖို့ ဆွဲဆောင်မိကြောင်းပေါ်ပါက်လာပါတယ်။ဂြိုလ်သားတိုက်ခိုက်မှုကြောင့်ကမ္ဘာတစ်ခုလုံးဟာရှုပ်ထွေးကုန်ပါတော့တယ်။ ဂြိုလ်သား တွေဟာ ကွန်ပြူတာလိုစက်တွေဖြစ်ပေမယ့် သူတို့ထဲကို ကွန်ပြူတာဗိုင်းရပ်စ် ထည့်လဲ မပျက်စီးသွားပါဘူး။အဲ့ဒီနောက်မှဒီဂြိုလ်သားတွေဟာ သူတို့ရဲ့ DNA တွေကို ပရိုဂရမ်နဲ့ရေးဆွဲထားတဲ့ ဇီဝနဲ့ဆိုက်ဘာ မျိုးစပ် သက်ရှိတွေဆိုတာ သိလိုက်ရပြီး သူတို့ကို သ-တ်နိုင်မယ့်နည်းကတော့ ဘယ်လို ဖြစ်မလဲဘာအခက်အခဲရော ကြုံတွေပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။