Monster Island HD

Monster Island

Action Fantasy Horror Thriller HD 2025-07-11 5.538 83 Min

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တွေဟာ မဟာမိတ်စစ်အကျဉ်းသားတွေကို ရဲဘက်လုပ်သားအဖြစ်ခိုင်းစေဖို့အမိမြေကိုပြန်ပို့လေ့ရှိကြပါတယ်အဲ့ဒီလိုသယ်ယူပို့ဆောင်ရာမှာသုံးတဲ့သင်္ဘောတွေဟာ ငရဲသင်္ဘောတွေအဖြစ်နာမည်ဆိုးနဲ့ကျော်ကြားပြီး မဟာမိတ်တပ်ဖွဲ့တွေရဲ့မှားယွင်းတိုက်ခိုက်မှုကိုမကြာခဏခံရလေ့ရှိတဲ့အတွက်ဒီခရီးစဉ်တွေမှာ ဂျပန်စစ်သားနဲ့မဟာမိတ်စစ်သား ၃၀၀၀၀ ကျော်ပျောက်ဆုံးခဲ့ရပါတယ်။ဆိုင်တိုနဲ့ဘရွန်ဆင်ကတော့ ဒီသင်္ဘောခရီးစဉ်တစ်ခုပေါ်က စစ်သုံ့ပန်းနှစ်ယောက်ပါ။ ဆိုင်တိုကတော့ဂျပန်စစ်သားဖြစ်ပေမယ့်သစ္စာဖောက်မှုနဲ့စွပ်စွဲခံထားရပြီးဗြိတိန်စစ်သားဖြစ်သူဘရွန်ဆင်ကိုတော့ ထွက်ပြေးရန်ကြံစည်မှုနဲ့ နှစ်ယောက်လုံးကိုဂျပန်နိုင်ငံအရောက်မှာစံပြအဖြစ်ကွပ်မျက်မှာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကိုသံကြိုးနဲ့တွဲချည်ခတ်ထားခဲ့ပါတယ်။ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲရန်သူလေယာဉ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကိုခံခဲ့ရပြီး သူတို့နှစ်ယောက်လုံးဟာ ပစိဖိတ်သမုဒ္ဒရာထဲက လူသူမနီးတဲ့ကျွန်းတစ်ကျွန်းမှာ သွားပြီးသောင်တင်ခဲ့ပါတယ်။ ကံဆိုးချင်တော့အဲ့ဒီကျွန်းဟာအဲ့ဒီဒေသဘက်မှာရှိတဲ့ အယူအဆတွေထဲက ဒဏ္ဍာရီလာမွန်းစတားဖြစ်တဲ့ အိုရန်အီကန်အခြေချနေထိုင်ရာဖြစ်နေပြီး မျှော်လင့်မထားနိုင်တဲ့အန္တရာယ်အသွယ်သွယ်ဟာသူတို့ကိုစောင့်ကြိုနေပါတယ်။စစ်ပွဲတစ်ပွဲရဲ့ ဘက်နှစ်ဘက်ဆီက မဟာရန်သူတော်နှစ်ယောက်၊ ဒီဘေးဒုက္ခတွေကို အတူတကွဘယ်လိုဖြတ်ကျော်မလဲ?လွတ်မြောက်နိုင်စရာလမ်းစရောရှိသေးရဲ့လား? ဆက်လက်ရှုစားကြပါ။စင်္ကာပူ၊အင်ဒိုနီးရှား၊ ဂျပန်နဲ့ ယူကေ နိုင်ငံတို့ရဲ့ပူးပေါင်းတင်ဆက်မှုဖြစ်ပြီး အက်ရှင်၊ အထူးပြုလုပ်ချက် နဲ့သရုပ်ဆောင်တွေပါအပြစ်ပြောနည်းပါးသေသပ်တဲ့မွန်းစတား ဟော်ရာ/အက်ရှင် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။