Tim Travers & the Time Travelers Paradox HD

Tim Travers & the Time Travelers Paradox

Comedy Fantasy Science Fiction HD 2025-05-30 6 110 Min

မိတ်ဆွေတို့ နယ်ပယ်တစ်ခုကို စည်းတွေဘောင်တွေမထားပဲ အဆုံးစွန်ထိစိတ်ကူးယဉ်ပြီးစဉ်းစားမိကြဖူးလား။စိတ်ကူးဆိူတာ ပိုက်ဆံပေးရတာမှမဟုတ်တာ စဉ်းစားမိကြဖူးမှာပဲ။ဒီလို စဉ်းစားပြီးစိတ်ကူးကြည့်တဲ့အခါ ကိုယ့်ကိုကိုယ် ပြန်မြင်လာမိပါမယ်။ကိုယ့်ရဲ့စိတ်အခြေအနေရဲ့ ကောင်းတဲ့အခြမ်းကော မကောင်းတဲ့အခြမ်းကောပေ့ါ။ဒီလိုမျိုးစိတ်ကူးပြီးရိုက်ကူးထားတဲ့ အကြမ်းစားအချိန်ခရီးသွားတဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။၂၀၂၄ ကထွက်ရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီး IMDB 6.1 ရရှိထားတယ်ဆိုတော့ မဆိူးဘူးလို့ပြောရမှာပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ …တင်ထရာဗာဆိုတဲ့ သိပ္ပံရူးတစ်ယောက်ပေါ့ မထင်မှတ်ပဲ အချိန်ခရီးသွားစက်ကိုတီထွင်ခဲ့မိပါတယ်။ဒါပေမဲ့ အချိန်ခရီးသွားလို့ရတာက အတိတ်ရဲ့ တစ်မိနစ်အတိကိုပါပဲ။ဒါနဲ့ သူအချိန်ခရီးသွားတော့ သူ့ရဲ့အတိတ်က တစ်မိနစ်ကလူနဲ့သွားတွေ့ပြီးကြောက်လန့်တကြားနဲ့ ပစ်သတ်လိုက်မိပါတယ်ဒါပေမဲ့ Back to the Future တုန်းကလိုကို့ရဲ့အတိတ်ကသေသွားရင် အနာဂါတ်ကလူဆိုတာ မရှိသင့်ဘူးလေ။အဲ့လိုမဟုတ်ပါဘူးအတိတ်ကလူသေပေမဲ့ အနာဂါတ်ကလူက ရှင်နေပါသေးတယ်။ဒါကိုပဲ သူကဝိရောဓိလို့သတ်မှတ်ပြီး ဒီဝိရောဓိဆိုတာကိုအဖြေရှာဖို့လုပ်ရာကနေတစ်ယောက်တည်းနဲ့မရဘူးဆိုပြီးအချိန်ခရီးသွားကာ အတိတ်ကသူတွေနဲ့‌ပေ့ါင်းပြီးဖြေရှင်းကြပါတော့တယ်။ဒီလိုနဲ့ သွားမစမ်းသင့်တဲ့ အနန္တဖြစ်စဉ်တွေကိုသွားကလိမိရင်းကနေ ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …