The Princess and the Goblin FHD

The Princess and the Goblin

Family Fantasy Adventure Animation FHD 1991-06-03 5.86 82 Min

ဂျော့ဂျ်မက်ဒေါ်နယ်ရဲ့ ၁၈၇၂ ခုနှစ်က The Princess and The Goblin ဆိုတဲ့ဝတ္ထုကို ၁၉၉၁ ခုနှစ်မှာAnimation ရုပ်ရှင်အဖြစ်The Princess and The Goblin အမည်နဲ့ပဲ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။၉၀ ခုနှစ်ကာလများမှာ ကြီးပြင်းခဲ့ကြတဲ့ ကလေးတွေအတွက်အမှတ်ရဖွယ် ဇာတ်ကားတစ်ကားဖြစ်သလိုအဆိုးနဲ့အကောင်း လွန်ဆွဲမှု၊ သူငယ်ချင်းသံယောဇဉ် နဲ့ သတ္တိစတာတွေကို အကောင်းဆုံး ထင်ဟပ်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာမင်းသမီးလေးအိုင်ရီးနီဟာသူမရဲ့ဖခင် ဘုရင်ကြီးနဲ့အတူ တောင်ပေါ်က ရဲတိုက်တစ်ခုမှာနေထိုင်ပါတယ်။တိုင်းပြည်ရဲ့ အရေးအခင်းတွေကို ငြိမ်ဝပ်စေဖို့အတွက်ဘုရင်ကြီးစစ်ချီခရီးထွက်သွားချိန်မှာအိုင်ရီးနီတစ်ယောက် နာနီဖြစ်သူ လူတီကို တစ်ပတ်ရိုက်ပြီးတောထဲကို ထွက်လာခဲ့ပါတယ်။မျက်စိလည်လမ်းမှားပြီး ထူးဆန်းတဲ့မှင်စာနဲ့သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်ကောင်တွေရဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေးလာတဲ့အိုင်ရီးနီဟာ မိုင်းအလုပ်သမားရဲ့သားဖြစ်သူ ကာဒီရဲ့ သီချင်းသံကြောင့် ကယ်ဆယ်ရာရခဲ့ပါတယ်။ကာဒီရဲ့ခွန်အားဖြစ်ဖွယ်သီချင်းသံကို နားမခံနိုင်တဲ့ မှင်စာတွေဟာဝေးရာကို ရှောင်ပုန်းသွားခဲ့ပါတယ်။ အိုင်ရီးနီ မသိသေးတဲ့အချက်တွေထဲမှာသူတို့တိုင်းပြည်ရဲ့ တောင်အောက်မှာအရုပ်ဆိုးအကျည်းတန်ပြီးကောက်ကျစ်တဲ့မှင်စာတွေရှိနေတဲ့ တိုင်းပြည်တစ်ခုရှိနေတာလည်း အပါအဝင်ပါပဲ။မှင်စာတို့ရဲ့ ဘုရင် နဲ့ ဘုရင်မဖြစ်သူတို့ဟာ လူတွေရဲ့မိုင်းတွင်းတွေကိုရေလွှမ်းမိုးစေမယ့်အကြံရှိနေတဲ့အပြင်မင်းသမီးလေး အိုင်ရီးနီကိုသူတို့ရဲ့သားအလိမ္မာလေး မှင်စာမင်းသား ဖရော့လစ် နဲ့ ပေးစားပြီးလူသားတိုင်းပြည်ကိုသိမ်းယူဖို့ပြင်ဆင်ထားပါတယ်။အိုင်ရီးနီဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ သူ့ရဲ့အဘွားရဲ့အဘွားဖြစ်သူကပေးတဲ့မှော်ချည်လုံးရဲ့ အကူအညီနဲ့မှင်စာတွေရဲ့ အကြံအစည်ကိုတိုက်ဖျက်ဖို့ကာဒီနဲ့အတူတူ ကြိုးပမ်းကြပုံတွေကို ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။