Parandhu Po FHD

Parandhu Po

Comedy Drama Music FHD 2025-07-04 7 130 Min

အန်ဘူလို့ခေါ်တဲ့ ကလေးလေးဟာ အလုပ်များတဲ့ မိဘတွေကြောင့် အိမ်မှာပဲ အမြဲသော့ပိတ်ခံထားရကာ အွန်လိုင်းအတန်းတွေ တက်ရင်း ဘဝကို အထီးကျန်နေထိုင်နေရသူတစ်ယောက်ပါ။သူ့မိဘတွေဟာလည်း အန်ဘူကို မချစ်လို့မဟုတ်ဘဲ အကြွေးတွေဆပ်နိုင်ဖို့အတွက်နဲ့ ကြိုးစားရုန်းကန်နေရတာကြောင့်ပဲဖြစ်ပါတယ်။အဖေဖြစ်သူကတော့ ကုန်ပစ္စည်းတွေကိုလိုက်လံပို့ဆောင်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်၊မိခင်ဖြစ်သူကတော့ ကွိုင်ဘာတိုရ်မှာ အထည်သွားရောင်းနေတာပဲဖြစ်ပါတယ်။အန်ဘူလေးဟာ အိမ်ထဲမှာပဲ အမြဲ သော့ပိတ်ခံထားရတဲ့သူဖြစ်တာကြောင့်အထီးကျန်ကာ အဖော်လိုချင်နေပြီး မိဘတွေအပေါ်မှာလည်း နွဲ့ဆိုးလေး ဆိုးရှာပါတယ်။အန်ဘူတို့ မိသားစုသုံးယောက် အကြွေးကိစ္စတွေကို ဘယ်လို ဖြေရှင်းသွားကြမလဲ …….အန်ဘူကိုရော အထီးကျန်ဘဝကနေ လွတ်မြောက်အောင် ဂရုစိုက်ပေးနိုင်ကြမလား …ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ငွေကြေးမပြည့်စုံတဲ့ဘဝတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ တစ်ဦးတည်းသောကလေးတွေရဲ့ ခံစားချက်တွေ၊မိဘတွေရဲ့ သားသမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဟာသလေးတွေ နှောရင်း ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။