Creation of the Gods II: Demon Force HD

Creation of the Gods II: Demon Force

Action Fantasy War HD 2025-01-29 6.2 145 Min

Creation of the Gods II : Demon Force (2025) အကြည်လာပါပြီ 4K ကတော့ မကြာခင်တင်ဆက်သွားမှာပါ2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့Creation of the Gods I: Kingdom of Storms( 2023 ) အဆက် ဖြစ်တဲ့  Creation of the Gods IIDemon Force (2025) ကို CM ကနေ ဆက်လက်ပြီးတင်ဆက်ပေးလိုက်ပါတယ်  ဒါရိုက်တာ Wuershan ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား​ကြီးဟာဆိုရင်တရုတ်ပြည်ရဲ့ ဂန္ထဝင်မြောက်ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာတရုတ်ပြည်ရဲ့နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ်1 မှာတုန်း ကတော့ Weibo Awards Ceremony မှာလဲ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပြင် ဒါရိုက်တာကလဲအကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ်ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ်ကြပြီးတော့တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။ အခု ၂ မှာတော့နီကျားနဲ့အပြိုင်ဖြစ်ခဲ့ပြီးနီကျားကို Box Office ပိုင်းမှာ မကျော်နိုင်ပေမဲ့လဲ သူ့နည်းသူ့ဟန်သူ့အရသာနဲ့ပရိသတ်တွေအတွက်ကောင်းမွန်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်.ဒီကားမှာတော့ ကျီးဖားကရှန်းတိုင်းပြည်ဘုရင်ကြီးယင်းရှို့ကို လုပ်ကြံပြီးသွားတဲ့နောက်မှာ ရှန်းတိုင်းပြည်နဲ့ရှီးချီစစ်ပွဲကြီးစတင်သွားပါတယ်။ ဘုရင်မင်းမြတ်အမိန့်နဲ့ စစ်သူကြီးတန့်ချန်ယွိကို မိစ္ဆာစစ်သူကြီး(၄)ယောက်ကိုဦးဆောင်စေပြီး ရှီးချီကိုစစ်တိုက်စေခဲ့တယ်။ ရှီးချီဖက်မှာတော့ယင်းကျောင်း၊ ယန်ကျန်၊ လေကျန့်ကျီ၊ နီကျားတို့ကပါဝင်ကူညီရခဲ့ပါတယ်။ သူတို့ရဲ့အကူအညီနဲ့ ကျီးဖားက ရှီးချီစစ်တပ်ကိုဦးဆောင်ပြီး ပြည်သူတွေကိုကာကွယ်ပေးဖို့အပြင်းအထန်ကြိုးစားရပါတယ်။ နတ်ဘုရားတွေရဲ့တိုက်ပွဲဟာ ဘယ်လိုကြမ်းမလဲဆိုတာတော့ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ