Heart of the Holidays HD

Heart of the Holidays

Romance TV Movie HD 2020-11-23 6.2 85 Min

ဆမ်ဝေါလေ့ဆိုတဲ့ ကောင်မလေးဟာ အမေရိကန်နိုင်ငံ ခရောလိတ်မြို့ဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာမွေးဖွားကြီးပျင်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မြို့ငယ်လေးမှာ မွေးဖွားလာတဲ့သူဆိုပေမဲ့ရည်မှန်းချက် ကြီးမားသူတစ်ယောက်ဖြစ်တာကြောင့် အရွယ်ရောက်ချိန်မှာနယူးရောက်မြို့ကြီးကိုထွက်သွားပြီး အလုပ်တွေကိုပဲ မအားမလပ်ကြိုးစားလုပ်ကိုင်နေရင်း အိမ်ကိုမပြန်ဖြစ်တာ၈နှစ်တိတိပြည့်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အလုပ်အသစ်တစ်ခုကိုပြောင်းရွေ့လုပ်ကိုင်တဲ့အချိန်မှာမထင်မှတ်ထားတဲ့ အဆင်မပြေမှုတွေကြောင့် အလုပ်ခဏနားပြီး အိမ်ကို ပြန်လာလိုက်ပါတော့တယ်။မွေးရပ်မြေကို ပြန်ရောက်တဲ့အချိန်မှာတော့ တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ ငယ်ချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ပါတော့တယ်။ဒီလိုနဲ့ ဆမ်ဝေါလေ့တစ်ယောက် သူ့ရဲ့ ရည်မှန်းချက်တွေကို ဦးစာပေးဖို့အတွက် နယူးရောက်မြို့ကိုပဲ ပြန်သွားမလား….အချစ်ဦးနဲ့ပြန်အဆင်ပြေသွားပြီတော့ ရည်မှန်းချက်တွေ လက်လျှော့ပြီး ဇာတိမြို့မှာပဲ ပြန်နေထိုင်သွားမလားဆိုတာကိုတော့…ကိုယ့်ရဲ့ အလုပ်အကိုင်တွေကို ဦးစားပေးရင်း အိမ်နဲ့ဝေးနေသူတွေကိုမျှော်လင့်စောင့်စားနေကြတဲ့သူတွေ အများကြီးရှိနေတယ်ဆိုတာကို သတိထားမိစေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။