ARQ HD

ARQ

Thriller Science Fiction HD 2016-09-16 6.103 88 Min

၂၀၁၆ မှာ ထွက်ရှိခဲ့ပြီးတော့ IMDB rating 6.5 ရရှိထားတဲ့ Sci-fi/Action ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားကို အနာဂတ်ကမ္ဘာမှာဇာတ်အိမ်တည်ထားပြီးတော့စွမ်းအင်ရင်းမြစ်အတွက် အဖွဲ့အစည်းတွေ အချင်းချင်း စစ်ပွဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Ren က စစ်ပွဲတွေကို အဆုံးသတ်ဖို့စွမ်းအင်ထုတ်နိုင်မဲ့ စက်တစ်လုံးဖြစ်တဲ့ ARQ ကိုစမ်းသပ်ရင်း ARQ ကို အရယူဖို့ အဖွဲ့အစည်းတွေက လွှတ်လိုက်တဲ့ လူတစ်စုနဲ့ ရင်ဆိုင်ရပါတယ်။တိုက်ခိုက်ရင်းနဲ့ သေဆုံးသွားပေမဲ့ မသေခင်မူလအချိန်ကို ပြန်ရောက်သွားတဲ့အတွက်ARQ က time loop တွေကို ဖန်တီးနိုင်တယ်ဆိုတာကို သိလိုက်ရပါတယ်။ARQ ကို မသင့်တော်တဲ့သူတွေ လက်ထဲရောက်မသွားအောင် တားဆီးရင်းဘယ်လို အသက်ရှင်အောင် ကြိုးစားသွားမလဲ… ဘယ်လို လှည့်ကွက်တွေနဲ့ ကြုံရမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ကားလေးဖြစ်ပါတယ်။