ဒီဇာတ်ကားလေးကို ကိုဗစ်ကပ်ဘေးကာလ အမေရိကန် နယူးမက္ကဆီကိုက ဆဗီလာစီရင်စုနဲ့ ပါဘလိုစီရင်စု နှစ်ခုကြားမှာ တည်ရှိတဲ့ အယ်ဒင်တန်မြို့လေးမှာ စတင်အခြေတည်ထားပါတယ်မြို့တော်ဝန် တက်ဒ် ဂရာစီယာက ကိုဗစ်ကာလတွင်းမှာ ထပ်ကျင်းပမဲ့ ရွေးကောက်ပွဲမှာ နည်းပညာလုပ်ငန်းစုတစ်ခုကို ဒီပြည်နယ်ထဲမှာ ဒေတာစင်တာ အမြောက်အမြားဆောက်လုပ်ခွင့်ပေးပြီး သူတို့ရဲ့ ကျောထောက်နောက်ခံနဲ့ ပြန်လည်ရွေးကောက်ခံရဖို့ မဲဆွယ်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ အယ်ဒင်တန်မြို့ရဲ့ ရဲမှူး ဂျိုး ခရော့စ်ကလည်းအများပြည်သူဧရိယာတွေမှာ နှာခေါင်းစည်းမတပ်ပဲ ကန့်လန့်တိုက်နေကာ ဒီမြို့ကိုမရောက်လာသေးတဲ့ ကိုဗစ်ရောဂါအတွက် ဘာလို့ လူမှုစီးပွားရေးတစ်ခုလုံးကို ရပ်ဆိုင်းခိုင်းရတာလဲဆိုပြီးအစိုးရကို မေးခွန်းထုတ်နေခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ရဲမှူး ဂျိုး ခရော့စ်က စိတ်မကျန်းမာတဲ့ သူ့မိန်းမ လူဝီနဲ့ မြို့တော်ဝန် တက်ဒ် ဂရာစီယာကြားက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့်တက်ဒ် ဂရာစီယာရဲ့ အုပ်ချုပ်ပုံကို မေးခွန်းထုတ်ပြီး မြို့တော်ဝန်နေရာကို ရွေးကောက်ခံဖို့ ဝင်ပြိုင်ရာကနေ အစပျိုးထားပါတယ်။A24 ရဲ့ လက်စွမ်းကိုသိတဲ့အတိုင်း ဇာတ်လမ်းဇာတ်ကွက်ကဘယ်လိုအလှည့်အပြောင်းနဲ့ အမျိုးစုံကြိုးခုန်ပြီး တွေးစရာလေးတွေပေးပြီးတင်ဆက်သွားမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါ။