Aadhaar FHD

Aadhaar

Drama FHD 2022-09-23 7 122 Min

Aadhaarဇာတ်ကားမှာတော့ Pachamuthuဟာ ပညာမတတ်တဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီးတော့ နှစ်သစ်ပွဲတော်ညမှာ ဇနီးဖြစ်သူTulasi ဗိုက်နာလာသဖြင့် အစိုးရဆေးရုံကိုသွားပြီး ကလေးမွေးခဲ့တယ်။ ကလေးမွေးပြီးနောက်တစ်နေ့မှာ Pachamuthuတစ်ယောက်အလုပ်ခွင်ကိုသွားပြီးတော့ လစာသွားထုတ်ပြီး ဆေးရုံကိုပြန်လာတဲ့အချိန်မှာတော့ ဇနီးဖြစ်သူTulasi ရောသူ့ရဲ့လူနာစောင့်ပါပျောက်ဆုံးနေတာကိုသိလိုက်ရပါတော့တယ်။ လူနာစောင့်ကို ဆေးရုံနောက်မှာ ရေမြောင်းထဲမှာ သေနေတာကိုရှာတွေ့သွားပြီးနောက်မှာ Pachamuthuတစ်ယောက် ရဲစခန်းကိုသွားကာ လူပျောက်သွားတိုင်ခဲ့တယ်။မွေးကင်းစကလေးကိုပိုက်ပြီးတော့ အရူးတစ်ယောက်လို ရဲစခန်းရှေ့မှာ ဇနီးဖြစ်သူရဲ့သတင်းကိုရမလားလို့နေရောညပါထိုင်စောင့်နေတဲ့Pachamuthuတစ်ယောက်ကိုတော့ ရဲတွေက သူ့ဇနီးဖြစ်သူTulasiက ရည်းစားဟောင်းနဲ့လိုက်ပြေးသွားတာပါဆိုပြီး အမှုကိုပိတ်သိမ်းလိုက်တယ်။ Pachamuthuတစ်ယောက် အမှုကိုဆက်စုံစမ်းပေးဖို့အတွက်ရဲတွေကိုတောင်းဆိုခဲ့ပေမဲ့လဲ သူ့လိုမျိုးလူဆင်းရဲတစ်ယောက်ကို ရဲတွေကအဖက်မလုပ်ခဲ့ပါဘူး။Pachamuthuတစ်ယောက် ဇနီးဖြစ်သူကို ရှာတွေ့ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။