The Face I Can't Forget FHD

The Face I Can't Forget

Thriller TV Movie FHD 2024-09-14 4 0 Min

The Face I Can’t Forget ကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lifetime TV ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Alicia K. Harris က ဒါရိုက်တာလုပ်ရိုက်ကူးကာRayisa Kondracki နဲ့ James Gilbertတို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။Mia ဟာ ကားမတော်တဆမှုကြောင့် မှတ်ဉာဏ်ဆုံးရှုံးသွားပြီးတဲ့နောက် ခင်ပွန်း Jesse နှင့် သမီး Madison တို့ရဲ့ ပြုစုစောင့်ရှောက်မှုကိုခံယူနေရင်းမကြာခဏဆိုသလိုအိပ်မက်တွေထဲမှာ ဒုတိယသမီးတစ်ဦးဖြစ်တဲ့ Angela ကို မြင်တွေ့နေခဲ့ရပါတယ်။ဒါပေမဲ့ တကယ်မရှိတဲ့သမီးတစ်ယောက်အကြောင်းပဲပြောနေတဲ့သူ့စကားကိုလည်းဘယ်သူကမှ ယုံကြည်ခဲ့ကြခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ Mia က သူ့အတိတ်ကို ပြန်လည်ရှာဖွေရင်း Jesse နှင့် Madison တို့ရဲ့ လျှို့ဝှက်ချက်တွေကို စတင်သိရှိလာခဲ့ပါတော့တယ်။ဒီရုပ်ရှင်ကတော့ မှတ်ဉာဏ်ဆုံးရှုံးမှုနှင့်မိသားစုလျှို့ဝှက်ချက်တွေအပေါ် အခြေခံထားတဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။