Fixed FHD

Fixed

Comedy Animation FHD 2025-08-13 7 87 Min

ကလေးတွေကြည့်ရှုဖို့မသင့်တဲ့ Adult Animation Flim ဖြစ်တဲ့ “Fixed” (2025) ဟာ ဒါရိုက်တာ Genndy Tartakovsky ရိုက်ကူးပြီးဒါရိုက်တာကိုယ်တိုင်နဲ့ Jon Vitti တို့ရေးသားထားတာပါ။Sony Pictures Animation မှထုတ်လုပ်ထားပြီး Netflix မှာ ၂၀၂၅ သြဂုတ် ၁၃ ရက်မှာ ထွက်ရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာ Adam DeVine၊ Idris Elba၊ Kathryn Hahn၊ Fred Armisen၊ BeckBennett နဲ့ Bobby Moynihan တို့က အသံသရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ ဘူးဆိုတဲ့ စတာဖို့ဒ်ရှိုင်းယား ဘူလ်တယ်ရီယာ ခွေးတစ်ကောင်အကြောင်းဖြစ်ပြီး သူဟာဘောကြီးကြီးနဲ့မွေးလာလို့ ဂုဏ်ယူဝင့်ကြွားနေတတ်တဲ့သူတစ်ယောက်ပါ။မနက်တိုင်းလည်း အဘွားရဲ့ခြေထောက်ကို ဘုနေရတာကို သိပ်အရသာတွေ့နေတတ်တဲ့သူပါ။ တဖက်မှာလည်း အိမ်ကအလိုလိုက်ပြီး လုပ်ချင်တာလုပ်လို့ရတဲ့သူပါ။သူမှာ မနက်လမ်းလျှောက်တိုင်း ပေါက်ကရတွေပြောတတ်တဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရော့ကို၊ ဖက်ချ်၊ လပ်ကီးတို့လည်း ရှိပါတယ်။ ဘူးကသူတို့ဘေးအိမ်က ငယ်ပေါင်းသူငယ်ချင်း ဟန်နီကို ကြိတ်ကြိုက်နေပေမဲ့ ခွေးအလှပြပြိုင်ပွဲဟန်နီကို ဖွင့်ပြောဖို့ တွ့န်ဆုတ်နေတဲ့ကောင်လေးပါ။နောက်တစ်နေ့မနက်မှာ သူရဲ့သခင်ကိုသူရဲ့ဘောတွေကို ဖြတ်ဖောက်ချုပ်လုပ်တော့မယ်လို့ ရိပ်စားမိသွားတဲ့နောက် အိမ်ကနေထွက်ပြေးလာပြီး စွန့်စားခန်းထွက်ပါတော့မယ်။အဲဒီစွန့်စားခန်းမှာ သူဘယ်လိုအရာတွေကိုကြုံ့တွေ့ရမလဲ ဇာတ်လမ်းပြီးတဲ့အထိ စောင့်ကြည့်လိုက်ကြပါ။ကလေးတွေအတွက် မသင့်လျော်ပေးမယ့် ခွေးသဘာဝတွေ ဘယ်လိုစဥ်းစားတတ်လဲဆိုတာ အသေးစိတ်ရိုက်ပြထားတဲ့အတွက်အကြိုက်တွေ့စေ့မယ့်ကာတွန်းကားလေးပါပဲ။