FHD
Mononoke the Movie: Chapter II - The Ashes of Rage
Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူကSupernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လိုဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုမျိုးဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီး ပရလောကဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။ သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်းရှိနေပြီးအဲဒီ မကောင်းဆိုးရွား ဝိဉာဉ် ပရလောကသားတွေကို နှိမ်နှင်းဖို့“သွင်ပြင်သဏ္ဍာန်” “အမှန်တရား”“အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီးသုတ်သင်ဖြေရှင်းပေးတာမျိုးပါ။ဒုတိယမြောက် ဒီရုပ်ရှင်က ပထမကားအပြီး ၁ လအကြာလောက်မှာ ဇာတ်လမ်းဆင်ထားပါတယ်(ဒါကြောင့် ပထမကား မကြည့်ရသေးရင် အရင်ကြည့်ဖို့အကြံပေးချင်ပါတယ်ဗျ နာမည်ကတော့Mononoke the Movie: The Phantom in the Rain ဖြစ်ပါတယ်)။ ပထမကားထဲကŌoku (အပျိုတော် နန်းတွင်းဆောင်) ထဲမှာ Mononoke ကိုသုတ်သင်ရှင်းလင်းအပြီး ဒီနေရာမှာပဲထပ်မံ ဖြစ်ပေါ်လာတဲ့ မကောင်းဆိုးဝါးကို အပနှင်ရဦးမှာ ဖြစ်ပါတယ်။ အခြေအနေအရ ပထမကားမှာŌoku အုပ်ချုပ်ရေးမှူး သေဆုံးပြီးတဲ့နောက်ဒီရာထူးတာဝန် လစ်ဟာနေပါတယ်။ အဲဒီမှာ အာဏာရှိကောင်စီဝန်ချုပ်ကြီးက ဒီရာထူးနေရာတွေကို ဘယ်လိုမျိုး ကစားဦးမလဲ။ ဘုရင်မင်းမြတ်ကနှစ်သက်နေတာကြောင့် ပစားပေးခံနေရတဲ့အဝတ်ထည်ကုန်သည်သမီးဖြစ်သူ ကိုယ်လုပ်တော်ကရောမနာလို ဖြစ်နေကြတဲ့ တခြားကိုယ်လုပ်တော်တွေကြားထဲ ဘယ်လိုတွေ ဖြစ်လာမလဲ။ ထူးဆန်းတဲ့မီးတောက်သဏ္ဍာန်သရဲဝိဉာဉ်တွေဟာ လူတွေကို အလွန်အမင်း လောင်ကျွမ်းစေပြီး သူ့ သွင်ပြင်သဏ္ဍာန်အမှန်တရား အကြောင်းရင်းတို့ဟာ ဘာတွေဖြစ်နေဦးမလဲ။ ထုံးစံအတိုင်းဆေးကုန်သည်အပနှင်သူကြီးတစ်ယောက်ဂိတ်မှူးနဲ့ အတိုက်အခံတွေလုပ်ရင်း ဘယ်လိုဖြေရှင်းပေးရဦးမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရပါဦးမယ်။နောက်လာမယ့် ၃ ကားမြောက်ကိုလည်းနောက်နှစ်ထဲ ရုံတင်မယ်လို့ ကြေငြာထားတာဖြစ်လို့တောက်လျှောက် အဆက်မပြတ်ပဲ ခံစားနိုင်ဦးမှာပါ။