ဒင်နီယယ်ဟာ ဆင်ဂယ်ဖခင်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ကော်လတ်နဲ့အတူနေထိုင်ခဲ့ပါတယ်။ဘ၀အချိုးအကွေ့တွေကြောင့် လမ်းဘေးရောက်လုဆဲဆဲဘ၀ကနေလူသားစင်စင်သေမင်းတစ်ဦးဘ၀ကို မထင်မှတ်ပဲရောက်ရှိသွားချိန်မှာတော့ သူ့ရဲ့အချိန်ပိုင်းအလုပ်နဲ့ဖခင်ဘ၀နှစ်ခုကြားမှာဗျာများရပါတော့တယ်ထူးခြားတဲ့ဇာတ်လမ်းဖွဲ့စည်းပုံနဲ့ဖခင်နဲ့သမီးကြားက မေတ္တာတရားကိုလှလှပပထင်ဟပ်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဒရာမာဘက်ပိုသွားပေမယ့်လုံး၀ပျင်းမနေရပဲသိချင်စိတ်ကိုဆွဲခေါ်နိုင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။