Waikiki Brothers FHD

Waikiki Brothers

Drama Music FHD 2001-10-27 6.4 109 Min

2001 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားကို ကြည့်ရှုလိုက်ရအောင်နော်။ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Ode To My Father, 12.12 The Day စတဲ့ ရုပ်ရှင်တွေနဲ့လူသိများတဲ့ ဝါရင့်မင်းသားကြီး Hwang Jung Min ၊ Addicted ဇာတ်ကားမှာပါဝင်ခဲ့တဲ့ မင်းသားLee Eol နဲ့ဇာတ်ပို့မင်းသားကြီး Park Won Sang တို့ပဲဖြစ်ပါတယ်။Waikiki Brothers ဆိုတဲ့ Band ကတော့ အလုပ်အကိုင်မကောင်းတဲ့ကာလမှာ ဦးတည်ချက်မဲ့လျှောက်သွားနေရပြီး ခက်ခဲတဲ့ band တစ် band ပဲဖြစ်ပါတယ်။သူတို့ band ကနေ ဆက်ဆိုဖုန်း တီးတဲ့သူကလည်း ထွက်သွားတော့ အဆိုတော်နဲ့ ဂစ်တာသမားဆောင်းအူ၊ ကီးဘုတ်သမား ဂျောင်ဆော့နဲ့ ဒရမ်သမားဂန်ဆူးပဲ ကျန်တော့တာပေါ့။အဲဒီလိုနဲ့ သူတို့ရဲ့ band ဟာ ဆောင်းအူရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆူအန်းဘိုကို သွားပြီး နိုက်ကလပ်မှာဖျော်ဖြေဖို့ အလုပ်ရလိုက်ပါတယ်။ဆောင်းအူအတွက်တော့ မွေးရပ်မြေ ပြန်ဖြစ်တဲ့အချိန်မှာ နာကျင်ခဲ့ရတဲ့ အတိတ်ဟောင်းတွေပြန်ပေါ်လာတော့တာပေါ့။ အထက်တန်းကျောင်းကသူငယ်ချင်းအဟောင်းတွေနဲ့ ပြန်ဆုံဖြစ်တယ်။အချစ်ဟောင်းနဲ့လည်း ပြန်ဆုံဖြစ်တယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ ဘဝတွေကလည်း သူ့လိုပဲ ခက်ခဲတဲ့အခြေအနေထဲရောက်နေရတာပါပဲ။သူတို့ band ကလည်း အစမှာတော့အရာရာအဆင်ပြေပေမဲ့ band အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျောင်ဆော့နဲ့ဂန်ဆူးက စပြီး ပြဿနာရှာရာကနေ အခြေအနေတွေ အဆင်မပြေတော့ဘဲ ဖြစ်လာရပါတယ်။ဒီရုပ်ရှင်မှာတော့ band အဖွဲ့ရဲ့ အဆိုးဆုံးအချိန်၊ အိပ်မက်တွေပျောက်ဆုံးရပြီး ချစ်ရသူနဲ့လည်းဝေးကွာခဲ့ရတဲ့အကြောင်းကို ပြသထားပါတယ်။